မိမိတို့စပိန်အသင်းထက် ပိုကောင်းသည့်အသင်းမရှိဟု နည်းပြဖြစ်သူ ဒယ်လာဖွန်တေ ကြုံးဝါး

မိမိတို့စပိန်အသင်းထက် ပိုကောင်းသည့်အသင်းမရှိဟု နည်းပြဖြစ်သူ ဒယ်လာဖွန်တေ ကြုံးဝါး
Photo: AFP
Photo: AFP
Published 22 June 2024

 

ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု (B) ဒုတိယပွဲစဉ်တွင် စပိန်အသင်းက လက်ရှိချန်ပီယံ အီတလီကို အနိုင်ယူကာ နှစ်ပွဲဆက် အနိုင်ရပြီးနောက် စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက မိမိတို့အသင်းထက် ပိုကောင်းသည့်အသင်းမရှိဟု ကြုံးဝါးပြောဆိုခဲ့သည်။

အုပ်စု (B) ဒုတိယပွဲစဉ်များအပြီးတွင် စပိန်အသင်းက နှစ်ပွဲနိုင်၊ ခြောက်မှတ်ဖြင့် ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ပြီဖြစ်သလို သုံးမှတ်ရရှိထားသည့် အီတလီအသင်းအား Head to Head အသာရထားပြီဖြစ်သောကြောင့် နောက်ဆုံးပွဲ၌ အယ်လ်ဘေးနီးယား အသင်းအား ရှုံးနိမ့်လျှင်ပင် အုပ်စုပထမနေရာရရှိရန် သေချာသွားပြီဖြစ်သည်။ 

အုပ်စုပထမဖြင့် ရှုံးထွက်အဆင့်တက်ရောက်ခွင့်ရပြီးနောက် စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက "ဒါက နိုင်ပွဲရရုံတင်မဟုတ်ဘဲ လက်ရှိဥရောပချန်ပီယံတွေကို ကျွန်တော်တို့ ရင်ဆိုင်ကစားခဲ့တဲ့ပုံစံကို ပြသခဲ့တာပါ။ ကျွန်တော်တို့က ကြံ့ခိုင်မှု၊ နည်းဗျူဟာနဲ့ ကစားသမားတွေရဲ့ အရည်အသွေးအရ ပိုပြီးသာလွန်ခဲ့ပါတယ်။ ကျွန်တော်တို့ အီတလီကို လွှမ်းမိုးပြီး ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ကျွန်တော်တို့ရခဲ့တဲ့ အခွင့်အရေးတွေနဲ့ဆိုရင် ဒီထက်ပိုပြီး ဂိုးရသင့်တယ်။ အသင်းက တိုးတက်လာဖို့ ရှိပါသေးတယ်။ ဒါပေမဲ့ စပိန်အသင်းမှာ အီတလီလိုပဲ ပြိုပျက်သွားနိုင်တဲ့ အလားအလာမျိုး ကျွန်တော်တို့တွေ့ခဲ့ရတယ်။ အခုကစပြီး တစ်ဆင့်ချင်းသွားရမှာပါ။ ရှုံးထွက်အဆင့်တွေ စတင်တဲ့အခါ အသေးစိတ်အချက်တွေက သိသာလာလိမ့်မယ်။ စပိန်ထက် ပိုကောင်းတဲ့အသင်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သတိရှိရပါမယ်။ အဲဒါကလွယ်ကူမှာ မဟုတ်ပါဘူး။ တခြားအသင်းတွေက ကျွန်တော်တို့အကြောင်းကို ပိုသိလာကြမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အလုပ်ကောင်းကောင်းလုပ်နိုင်ရင် ပိုကောင်းတဲ့အသင်းမရှိဘူးလို့ ပြောနိုင်ပါတယ်" ဟု ကြုံးဝါးပြောဆိုခဲ့သည်။

Most Read

Most Recent