■ ကိုဗာချစ်ကို ဇန်နဝါရီတွင် ခေါ်ယူရန် အယ်လ်နာဆာအသင်း ပစ်မှတ်ထား

■ ကိုဗာချစ်ကို ဇန်နဝါရီတွင် ခေါ်ယူရန် အယ်လ်နာဆာအသင်း ပစ်မှတ်ထား
Photo: Getty Images
Photo: Getty Images
Published 6 September 2024

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းသည် မန်စီးတီးအသင်းမှ ခရိုအေးရှားကွင်းလယ် ကစားသမား ကိုဗာချစ်ကို ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ 

အယ်လ်နာဆာအသင်းသည် စီရော်နယ်လ်ဒို၏ တောင်းဆိုမှုကြောင့် ကိုဗာချစ်ကို ဇန်နဝါရီတွင် ခေါ်ယူရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ကိုဗာချစ်(၃၀ နှစ်)ကို မန်စီးတီးတွင် ရရှိနေသည့် လစာ၏ (၆)ဆ ပမာဏဖြစ်သည့် တစ်ပတ်ယူရို(၉၀၀၀၀၀)ဝန်းကျင် ပေးချေသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

စီရော်နယ်လ်ဒို၏ အယ်လ်နာဆာအသင်းသည် ဆော်ဒီပရိုလိဂ်တွင် နေမာ၊ မီထရိုဗစ်၊ မီလင်ကိုဗစ်တို့ ကစားနေသည့် အယ်လ်ဟီလာအသင်းကို မယှဉ်နိုင်သည့်အတွက် ထိပ်တန်းကစားသမား ထပ်မံခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

အယ်လ်နာဆာအသင်းသည် လာမည့် ၂၀၂၅ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကိုဗာချစ်အပြင် ဥရောပမှ အခြားနာမည်ကျော်ကစားသမားများကို ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။