■ "အာဆင်နယ်အသင်းက ကျွန်တော့်အတွက် နောက်ထပ်စိန်ခေါ်မှုပါပဲ" - အာဆင်နယ်တောင်ပံတိုက်စစ်ကစားသမားသစ် စတာလင်နှင့် တွေ့ဆုံခြင်း

■ "အာဆင်နယ်အသင်းက ကျွန်တော့်အတွက် နောက်ထပ်စိန်ခေါ်မှုပါပဲ" - အာဆင်နယ်တောင်ပံတိုက်စစ်ကစားသမားသစ် စတာလင်နှင့် တွေ့ဆုံခြင်း
Photo: Arsenal
Photo: Arsenal
Published 6 September 2024

ဩဂုတ်လ (၃၁)ရက်က ပိတ်သိမ်းခဲ့တဲ့ ဥရောပဘောလုံးထိပ်တန်းလိဂ်တွေရဲ့ နောက်ဆုံးနေ့မှာ အငှားအပြောင်းအရွှေ့(၂)ခုက စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ Big Six စာရင်းဝင် အသင်းကြီးသုံးသင်းကြားမှာ အပြောင်းအရွှေ့ဖြစ်ခဲ့ပြီး ချယ်လ်ဆီးအသင်းတောင်ပံကစားသမား စတာလင်က အာဆင်နယ်အသင်းထံ အငှားနဲ့ ပြောင်းရွှေ့သွားချိန်မှာ မန်ယူအသင်းတောင်ပံကစားသမား ဆန်ချိုကတော့ ချယ်လ်ဆီးအသင်းကို အငှားနဲ့ပဲ ရောက်လာခဲ့တာဖြစ်ပါတယ်။ စတာလင်ရဲ့ အငှားအပြောင်းအရွှေ့မှာ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့ အချက်မပါဝင်ဘဲ ဆန်ချိုမှာတော့ ပေါင် (၂၅)သန်းနဲ့ သန်း(၃၀)အကြား ပမာဏနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက် ထည့်သွင်းထားပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အာဆင်နယ်အသင်းဝက်ဘ်ဆိုက်မှာ တင်ရှိခဲ့တဲ့ စတာလင်ရဲ့ ရင်ဖွင့်သံတချို့ကို ဖော်ပြပေးလိုက်ပါတယ် . . .

 

Most Read

Most Recent