■ ပူတာအိုမြို့သို့ ဌာနဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများအား မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် ထပ်မံပို့ဆောင် 

■ ပူတာအိုမြို့သို့ ဌာနဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများအား မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် ထပ်မံပို့ဆောင် 
Published 6 June 2026

ပူတာအိုမြို့သို့ ဌာနဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများအား မြစ်ကြီးနားမြို့မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် ထပ်မံပို့ဆောင်ကြောင်း သိရသည်။

ဇွန် ၅ ရက်တွင် ပူတာအိုမြို့သို့ ပို့ဆောင်ရန်အတွက် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်ထားသော ပညာရေးကဏ္ဍ မြှင့်တင်ရန်အတွက် ကျောင်းသုံးစာအုပ်များ၊ ပညာသင်ထောက်ပံ့ပစ္စည်းများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆေးနှင့် ဆေးဝါးပစ္စည်းများအား တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက တပ်မတော်လေယာဉ်ပေါ်သို့ သယ်ယူပို့ဆောင်ပေးနေမှုများကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြကြောင်း သိရသည်။

အဆိုပါဌာနဆိုင်ရာလုပ်ငန်းသုံးပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမှ ပူတာအိုသို့ နှစ်ကြိမ် ပို့ဆောင်ပေးခဲ့ပြီး ပူတာအိုမြို့သို့ ရောက်ရှိလာသော ၎င်းပစ္စည်းများအား တာဝန်ရှိသူများက လက်ခံရယူ၍ သက်ဆိုင်ရာဌာနများသို့ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent