ယမားလ်ကို ဘောလုံးဝေဖန်သူများ ချီးကျူး

ယမားလ်ကို ဘောလုံးဝေဖန်သူများ ချီးကျူး
Photo: UEFA
Photo: UEFA
Published 11 July 2024

ပြင်သစ်အသင်းအား အနိုင်ရသည့်ပွဲတွင် စပိန်အသင်းအတွက် ချေပဂိုးကို လှပစွာသွင်းယူခဲ့သည့် စပိန်လူငယ်တောင်ပံတိုက်စစ်ကစားသမား ယမားလ်အား ဘောလုံးဝေဖန်သူများက ချီးကျူးစကားဆိုခဲ့ကြသည်။

ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ် စပိန် (၂-၁) ပြင်သစ်ပွဲ၌ ယမားလ်(၁၆ နှစ်)သည် ပွဲချိန် (၂၁)မိနစ်တွင် စပိန်အတွက် ချေပဂိုးကို ဧရိယာအပြင်ဘက်မှ လှလှပပကန်သွင်းယူခဲ့ခြင်းဖြစ်သည်။

ယင်းပွဲကို BBC ရုပ်သံတွင် ဘောလုံးဝေဖန်သူများအဖြစ် ဆောင်ရွက်ကြခဲ့သည့် အလန်ရှီးယား၊ ဖာဒီနန်နှင့် ဂယ်ရီလိုင်နီကာတို့က ယမားလ်ကိုချီးကျူးခဲ့ကြခြင်းဖြစ်သည်။

အလန်ရှီးယားက ''အသက် (၁၆)နှစ်နဲ့ အခုလိုပြိုင်ပွဲမျိုးမှာ စွမ်းဆောင်ပြနေတာတွေက မယုံနိုင်စရာပါပဲ''ဟု ဆိုခဲ့ပြီး ဖာဒီနန်က ''ဒီအသက်အရွယ်နဲ့ ခန့်မှန်းလို့ မရတဲ့အရာတွေ လုပ်ပြနိုင်တာ လက်ခံဖို့ ခက်ခဲပါတယ်''ဟု ဆိုခဲ့သည်။

လိုင်နီကာကမူ ယမားလ်သည် ဘောလုံးကြယ်ပွင့်ဖြစ်လာမည်ဟု ချီးကျူးခဲ့သည်။ 

Most Read

Most Recent