■ နိုက်စ်အသင်း၏နည်းပြသစ်အဖြစ် ဖရန့်ခ်ဟေဆီ ခန့်အပ်ခံရ     

■ နိုက်စ်အသင်း၏နည်းပြသစ်အဖြစ် ဖရန့်ခ်ဟေဆီ ခန့်အပ်ခံရ     
Photo: X
Photo: X
Published 7 June 2024

နိုုက်စ်အသင်းသည် လန်းစ်အသင်း၏နည်းပြ ဖရန့်ခ်ဟေဆီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရသည်။ 

ဖရန့်ခ်ဟေဆီ(၅၃ နှစ်)သည် လန်းစ်အသင်းကို ၂၀၂၀ ခုနှစ်တွင် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၂-၂၃ ရာသီ၌ ပြင်သစ်လီဂူးပြိုင် ပွဲတွင် ဒုတိယနေရာရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။ 

ထို့ကြောင့် ယင်းရာသီ ပြင်သစ်လီဂူးပြိုင်ပွဲ၏ အကောင်းဆုံး နည်းပြဆုကိုလည်း ရရှိိခဲ့ပြီး ယခုအခါ နိုက်စ်အသင်းက (၃)နှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

၎င်းက နိုက်စ်အသင်း၏ အနာဂတ်စီမံကိန်းများကို သဘောကျ၍ လက်ခံခဲ့ခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

Most Read

Most Recent