ဂျမေကာလက်ရွေးစင်နည်းပြအဖြစ် မက္ကလာရင် ခန့်အပ်ခံရ

ဂျမေကာလက်ရွေးစင်နည်းပြအဖြစ် မက္ကလာရင် ခန့်အပ်ခံရ
Photo: Getty Images
Photo: Getty Images
Published 2 August 2024

အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း မက္ကလာရင်သည် ဂျမေကာလက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။

မက္ကလာရင်(၆၃ နှစ်)သည် ၂၀၁၉ ခုနှစ်တွင် QPR အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် မေလမှစ၍ မန်ယူအသင်း၏ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်နေခဲ့သူဖြစ်သည်။

ယခုအခါ ဂျမေကာအသင်းက ၎င်းကို (၂)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျမေကာအသင်းသည် လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် ရည်ရွယ်၍ မက္ကလာရင်ကို ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ခန့်အပ်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မက္ကလာရင်က ပြောကြားခဲ့သည်။

Most Read

Most Recent