■ ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ ၂၆

■ ရော်နယ်လ်ဒို (သို့မဟုတ်) ထာဝရရှင်သန်သူ ၂၆
Published 12 June 2024
Chan Myae

ရော်နယ်လ်ဒို-မက်ဆီ အားပြိုင်မှုက တဖြည်းဖြည်းချင်း ကလက်ဆစ်ဒါဘီအသွင်ကို ဆောင်လာခဲ့တယ်။ အားကစားဆိုတာက တကယ်တော့လည်း အားကစားသမားအချင်းချင်းကြားက ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေ အများကြီးရှိနေတဲ့ ရပ်ဝန်းတစ်ခုပါ။ တစ်ခါတလေဆိုရင် ခေတ်ချင်းအဝေးကြီးက ကစားသမားတွေကိုတောင် သက်ဆိုင်ရာအားကစားနယ်ပယ်အတွင်းမှာ လှမ်းပြိုင်ကြတာမျိုးတွေလည်း ရှိတယ်။ ဥပမာအားဖြင့် မိုဟာမက်အလီ၊ တိုင်ဆန်နဲ့ မေဝယ်လ်သာတို့ ကြားမှာ ဘယ်သူက အကောင်းဆုံးလဲဆိုတာမျိုးတွေ။ ဒါပေမဲ့ ခေတ်တစ်ခေတ်ထဲမှာ အတူတူ ဖြစ်တည်နေတဲ့ ပြိုင်ဆိုင်မှုတွေကတော့ အားအကောင်းဆုံးပဲ။

 

Most Read

Most Recent