■ ဂယ်လာဂါကို ခေါ်ယူရန် စပါးအသင်း စောင့်ကြည့်နေ     

■ ဂယ်လာဂါကို ခေါ်ယူရန် စပါးအသင်း စောင့်ကြည့်နေ     
Published 19 July 2024

စပါးအသင်းသည် ချယ်လ်ဆီး ကွင်းလယ်ကစားသမား ဂယ်လာဂါအား ခေါ်ယူရန် စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရှိရသည်။ 

ချယ်လ်ဆီးအသင်းသည် လက်စတာကွင်းလယ်ကစားသမား ဒူးစ်ဘူရီဟောလ်အားခေါ်ယူပြီးနောက် ဂယ်လာဂါ၏အနာဂတ်မှာ လှုပ်ခတ်နေကြောင်း သိရှိရသည်။ 

စပါးအသင်းသည် ချယ်လ်ဆီးအသင်းနှင့် ဂယ်လာဂါတို့၏အခြေအနေကို စောင့်ကြည့်နေပြီး ကမ်းလှမ်းမှုများပြုလုပ်သွားရန် စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

စပါးအသင်းသည် အသင်းကွင်းလယ်ကစားသမား ဟူဘယက်အား ရောင်းထုတ်ကာ ၎င်း၏နေရာတွင် ဂယ်လာဂါဖြင့် အစားထိုးရန် ဆန္ဒရှိနေ ခြင်းဖြစ်သည်။ 

Most Read

Most Recent