■ မေဂျာလိဂ်ပြိုင်ပွဲ၏ အသက်အငယ်ဆုံးကစားသမားအဖြစ် ကာဗန်ဆူလီဗန် မှတ်တမ်းဝင်

■ မေဂျာလိဂ်ပြိုင်ပွဲ၏ အသက်အငယ်ဆုံးကစားသမားအဖြစ် ကာဗန်ဆူလီဗန် မှတ်တမ်းဝင်
Published 19 July 2024

ဖီလာဒဲလ်ဖီးယားယူနီယံအသင်းမှ အမေရိကန်ကွင်းလယ်ကစားသမား ကာဗန်ဆူလီဗန်သည် မေဂျာလိဂ်ပြိုင်ပွဲ၏ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

ကာဗန်ဆူလီဗန်သည် ဇူလိုင်(၁၇)ရက်နေ့က နယူးအင်္ဂလန်ရီဗော်လူးရှင်းအသင်းနှင့် ယှဉ်ပြိုင်ကစားသည့်ပွဲတွင် လူစားဝင်ကစားခဲ့ပြီး ၎င်း၏အသက်အရွယ်မှာ (၁၄)နှစ်နှင့် (၂၉၃)ရက်သာ ရှိသေးသည်။

ထို့ကြောင့် ၎င်းသည် မေဂျာလိဂ်ပြိုင်ပွဲတွင် ပွဲကစားခွင့်ရသည့် အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်သစ်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကာဗန်ဆူလီဗန်သည် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေသူဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ချိန်၌ မန်စီးတီးသို့ ပြောင်းရွှေ့ခွင့်ရရန် မျှော်လင့်နေကြောင်းလည်း သိရသည်။ 

Most Read

Most Recent