၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး အမြန်ဆုံး ဆုံးဖြတ်ရန် မန်ယူအသင်းကို နည်းပြ တန်ဟက်ဂ် တောင်းဆိုထားကြောင်း The Times ဖော်ပြ

၎င်း၏အနာဂတ်နှင့်ပတ်သက်ပြီး အမြန်ဆုံး ဆုံးဖြတ်ရန် မန်ယူအသင်းကို နည်းပြ တန်ဟက်ဂ် တောင်းဆိုထားကြောင်း The Times ဖော်ပြ
Photo: Daily Mail
Photo: Daily Mail
Published 30 May 2024

မန်ယူနည်းပြ တန်ဟက်ဂ်သည် ၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး အမြန်ဆုံး ဆုံးဖြတ်ချက်ချရန် အသင်းတာဝန်ရှိသူများထံ တောင်းဆိုထားကြောင်း ဗြိတိန်အခြေစိုက် The Times သတင်းစာက ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့် (၈) နေရာသာရရှိခဲ့ပြီး သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရပ်တည်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့ ကြောင့် တန်ဟက်ဂ်အနေဖြင့် မန်ယူအသင်းကို FA ဖလား ရယူပေးနိုင်ခဲ့သော်လည်း ၎င်း၏အနာဂတ်မှာ မတည်မငြိမ်ဖြစ်နေဆဲ ဖြစ်သည်။

မန်ယူအသင်းသည် လက်ရှိတွင် ပြီးခဲ့သည့်ဘောလုံးရာသီတစ်ခုလုံးအား သုံးသပ်မှုများ ပြုလုပ်နေပြီး ယင်းသုံးသပ်မှုပြီးဆုံးမှသာ တန်ဟက်ဂ်၏အနာဂတ်ကို ဆုံးဖြတ်သွားဖွယ်ရှိကြောင်း သိရသည်။

The Times ၏ ဖော်ပြချက်အရ တန်ဟက်ဂ်က ၎င်း၏ အနာဂတ်နှင့်ပတ်သက်ပြီး အလျင်အမြန်သိရှိရန် အလိုရှိနေကြောင်း သိရှိရသည်။

တန်ဟက်ဂ်အနေဖြင့် မန်ယူအသင်းတွင် အနာဂတ်မသေမချာ ဖြစ်နေသော်လည်း ၎င်းကို ခေါ်ယူရန် ကမ်းလှမ်းသည့်အသင်းများ ရှိနေသည့်အတွက် မန်ယူအသင်း၏ဆုံးဖြတ်ချက်ကို အလျင်အမြန်သိရှိလိုနေခြင်းဖြစ်သည်။

မန်ယူအသင်း၏ ပြီးခဲ့သည့်ရာသီတစ်ခုလုံးအား သုံးသပ်မှုကို အသင်းရှယ်ယာပု်ိင်ရှင်သစ် ရက်ကလစ်ဖ်၊ အသင်းဥက္ကဋ္ဌ ဂျိုယဲလ်ဂလေဇာနှင့် အသင်းဘုတ်အဖွဲ့တာဝန်ရှိသူများက ပြုလုပ်နေကြပြီး ရက်ပေါင်းများစွာ ကြာမြင့်ဖွယ်ရှိနေကြောင်း သိရှိရသည်။

တန်ဟက်ဂ်သည် ၂၀၂၁ ခုနှစ်တွင် မန်ယူနည်းပြအဖြစ် (၃) နှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရပြီး အသင်းကို (၂) နှစ်ကြာ ကိုင်တွယ်ပြီးနောက်တွင် ရာထူးမှထုတ်ပယ်ခံရမည်ကို စိုးရိမ်နေကြောင်း The Times က ဖော်ပြခဲ့သည်။

တန်ဟက်ဂ်အနေဖြင့် FA ဖလားဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့ပါက ဥရောပပြိုင်ပွဲဝင်ခွင့်မရခြင်းကြောင့် ရာထူးမှထုတ်ပယ်ခံရရန် နီးစပ်ခဲ့သည်။

သို့သော် မန်ယူအသင်းသည် FA ဖလားရပြီး လာမည့်ရာသီတွင် ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့သဖြင့် တန်ဟက်ဂ်အနေဖြင့် မန်ယူနည်းပြအဖြစ် ဆက်ရှိနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

Most Read

Most Recent