■ LAFC အသင်းအား ရွေးချယ်ခဲ့ခြင်းကို ဂျရူး ရှင်းလင်းပြောကြား     

■ LAFC အသင်းအား ရွေးချယ်ခဲ့ခြင်းကို ဂျရူး ရှင်းလင်းပြောကြား     
Photo: LAFC
Photo: LAFC
Published 17 May 2024

အေစီမီလန်အသင်းမှ ပြင်သစ်တိုက်စစ်မှူး ဂျရူးက ရာသီကုန်တွင် မေဂျာလိဂ်ကလပ် LAFC အသင်းထံ ပြောင်းရွှေ့ ရန် ရွေးချယ်ခဲ့ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ 

အသက် (၃၇) နှစ်အရွယ်ရှိ ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးသည် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် အေစီမီလန်အသင်းကို စွန့်ခွာကာ LAFC သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော့်ရဲ့ ကစားသမားဘဝကို အဲဒီနေရာမှာ အဆုံးသတ်ဖို့ အမြဲဆန္ဒရှိခဲ့တာပါ။ ဒါဟာ မိသားစုရှုထောင့်ကနေ ရွေးချယ်ခြင်းလည်းဖြစ်ပါတယ်။ အင်္ဂလိပ်စကားပြောတဲ့နိုင်ငံဖြစ်တာကြောင့် လန်ဒန်မှာ မွေးဖွားခဲ့တဲ့ ကျွန်တော့်ကလေးတွေအတွက် အကူအညီဖြစ်စေပါလိမ့်မယ်"ဟု ဂျရူးက ပြောကြားခဲ့သည်။ 

ဂျရူးသည် LAFC အသင်းတွင် ပြင်သစ်လက်ရွေးစင်အသင်းဖော် ဂိုးသမား လိုရစ်နှင့် တွဲဖက်ကစားရမည်ဖြစ်ပြီး ယင်းအတွက် ဝမ်းမြောက်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Most Read

Most Recent