■ တူရကီမက်ဆီ မဟုတ်တဲ့ တူရကီအိုဇေးလ်

■ တူရကီမက်ဆီ မဟုတ်တဲ့ တူရကီအိုဇေးလ်
Photo: Getty Images
Photo: Getty Images
Published 21 June 2024
AK

တကယ်ဆိုရင် မက်ဆီနဲ့ ခိုင်းနှုန်းခံရတာ ဂုဏ်ယူစရာဆိုတာထက် ရယ်ရွှင်စရာ ပိုဖြစ်လာတယ်။ ကျွန်တော်တို့ဟာ အီရန်မက်ဆီ၊ ဂျာမန်မက်ဆီ၊ စကော့တလန်မက်ဆီ၊ မြန်မာမက်ဆီ၊ ဘာ မက်ဆီ ညာမက်ဆီဆိုပြီး ကြားခဲ့ရပြီးပြီ။ ဘယ်သူကများ မက်ဆီရဲ့ ဂုဏ်သိက္ခာကို တုပနိုင်လို့လဲ။ ခိုင်းနှိုင်းမှုတွေဟာ အပေါ်ယံသပ်သပ်ဖြစ်ပြီး လူ တစ်ဦးရဲ့ ဖြစ်တည်မှုကို အတိအကျ အဓိပ္ပာယ် မဖွင့်ဆိုနိုင်ဘူး။ အာဒါဂူလာလို ငယ်ရွယ်ပြီး အလားအလာရှိတဲ့ Attacking Player အများစုအတွက် အားကစားဂျာနယ်လစ်တွေရဲ့ မက်ဆီနဲ့ ခိုင်းနှိုင်းမှုတွေ ရှိနေတာပဲ။ အာဒါဂူလာက မက်ဆီလို အရပ် ပုပြီး Dribbling Skill သိပ်ပြီးကောင်းမွန်လို့ တူရကီမက်ဆီလို့ ခိုင်းနှိုင်းခံနေရတာပါပဲ။

 

Most Read

Most Recent