■ ဂိုးသမား မီနွန်ကို အေစီမီလန်အသင်း သက်တမ်းတိုးနိုင်ရန် နီးစပ်

■ ဂိုးသမား မီနွန်ကို အေစီမီလန်အသင်း သက်တမ်းတိုးနိုင်ရန် နီးစပ်
Photo: Getty Images
Photo: Getty Images
Published 27 September 2024

အေစီမီလန်အသင်းသည် ပြင်သစ်ဂိုးသမား မီနွန်ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။ 

မီနွန်သည် အေစီမီ လန်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး အေစီမီလန်အသင်းက ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

စာချုပ်သစ်အရ မီနွန်သည် အေစီမီလန်အသင်းတွင် တစ်နှစ်လစာ ယူရို(၇)သန်းဝန်းကျင်အထိ တိုးမြင့် ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။

အသက် (၂၉)နှစ်အရွယ်ရှိ မီနွန်သည် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလတွင် လိုင်လီအသင်းမှ PSG အသင်းထံသို့ ယူရို (၁၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ 

၎င်းသည် အေစီမီလန်အသင်းအတွက် (၃) ရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ (၁၁၆) ပွဲအထိ ကစားထားပြီး အသင်း၏အဓိကဂိုးသမားအဖြစ် ရပ်တည်လျက်ရှိသည်။ 

မီနွန်သည် လက်ရှိတွင် ပြင်သစ်လက်ရွေးစင်အသင်း၏အဓိကဂိုးသမားအဖြစ် လက်စွမ်းပြနေပြီး (၂၄) ပွဲ ကစားထားသည်။ 

Most Read

Most Recent