မိုဒရစ်၏နေရာ၌ အစားထိုးရန် ဖလော်ရီယန်ဗက်ဇ်ကို ရီးယဲလ် အလိုရှိ

မိုဒရစ်၏နေရာ၌ အစားထိုးရန် ဖလော်ရီယန်ဗက်ဇ်ကို ရီးယဲလ် အလိုရှိ
Photo: EuroFoot
Photo: EuroFoot
Published 17 October 2024

ရီးယဲလ်မက်ဒရစ်အသင်းသည် အသင်းဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်၏နေရာတွင် အစားထိုးရန်အတွက် လေဗာကူဆင်ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်အား အလိုရှိနေကြောင်း သိရသည်။

မိုဒရစ် (၃၉ နှစ်)သည် ယခုရာသီကုန်တွင် ရီးယဲလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ရီးယဲလ်အသင်းသည် ၎င်းနေရာတွင် အစားထိုးရန်အတွက် ကစားသမားသစ် ရှာဖွေလျက်ရှိသည်။

အသက် (၂၁)နှစ်အရွယ်ရှိ ဖလော်ရီယန်ဗက်ဇ်သည် ဥရောပတွင် ထွန်းတောက်လာသည့် ကစားသမားဖြစ်ပြီး အသက်အရွယ်မှာလည်း ရီးယဲလ်အသင်း၏ပေါ်လစီနှင့် အံကိုက်ဖြစ်နေသည်။

ထို့ကြောင့် ရီးယဲလ်အသင်းသည် မိုဒရစ်၏နေရာတွင် အစားထိုးရန်အတွက် ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူရန် လာမည့်ဇန်နဝါရီတွင် ကြိုးပမ်းဖွယ်ရှိကြောင်း သိရသည်။

လေဗာကူဆင်အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဖလော်ရီယန်ဗက်ဇ်အား ခေါ်ယူရန် ဘိုင်ယန်မြူးနစ်နှင့် မန်စီးတီးတို့ကလည်း စိတ်ဝင်စားနေကြသည်။ 

 

Most Read

Most Recent