ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 29 September 2024

အစ်ဝစ်ချ် - အက်စတွန်ဗီလာ (တနင်္ဂနွေည ရး၃၀ နာရီ)

အက်စတွန်ဗီလာက ဒီရာသီမှာလည်း ပုံစံကောင်းကို ပြသနေတယ်။ ချန်ပီယံလိဂ်မှာ လည်းအဝေးကွင်း ဂိုးပြတ်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ရလဒ်တွေကလည်း ကျေနပ်စရာ ကောင်းတယ်။ တိုက်စစ်ပိုင်းမှာ အိုလီဝက်ကင်စ်ရော ဂျွန်ဒူရမ်ပါ ဂိုးတွေသွင်းနေပြီး အ ခြားတစ်ဖက်မှာလည်း အစ်ဝစ်ချ်က ကြိုးစားသလောက်ခံစစ်က အားနည်းတယ်။ ဗီလာပဲ နိုင်လိမ့်မယ်။ 

မန်ယူ - စပါး (တနင်္ဂနွေည ၁၀း၀၀ နာရီ)

ဒီတစ်ပတ်ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲပါ။ နှစ်သင်းစလုံးက ခြေစွမ်းကောင်းတဲ့အချိန် အရမ်းကောင်းတတ် ပေမယ့် အားနည်းတဲ့အချိန်တွေလည်းရှိတယ်။ နှစ်သင်းစလုံးက တည်ငြိမ်တဲ့ခြေစွမ်းကို ရှာဖွေနေကြတဲ့အချိန်လည်းဖြစ်တယ်။ လက်ရှိ ခြေစွမ်းအရတော့ စပါးအသင်းက မန်ယူနိုက်တက်အသင်းထက် နည်းနည်းလေးပိုကောင်းတဲ့အသင်းဖြစ်ပြီး မန်ယူနိုက် တက်အသင်းကတော့ အိမ်ကွင်းမှာ ကစားရမှာဖြစ်နေတယ်။ နောက်ထပ်အားသာချက်က မန်ယူနိုက်တက်ရဲ့ စပါးနဲ့ တွေ့ဆုံ တဲ့ အိမ်ကွင်းမှတ်တမ်းဖြစ်ပြီး အိမ်ကွင်းနောက်ဆုံး ၁၀ ပွဲမှာ ၈ ပွဲအထိ အနိုင်ရရှိထားတယ်။ စပါးအသင်းမှာ အဓိက ကစားသ မားအချို့ရဲ့ ဒဏ်ရာပြဿနာရှိနေသည့်တိုင် အသင်းမှာ ယူနိုက်တက်ကို ထိုးနှက်နိုင်တဲ့ ကစားသမားတွေလည်း ရှိနေတယ်။ ဒီပွဲက ဂိုးနည်းနိုင်တယ်။ ၁-၁ ဆိုတဲ့ ရလဒ်ကို ကြိုက်တယ်။ 

Most Read

Most Recent