■ လာလီဂါဂိုးသွင်းဘုရင်ဆုအတွက် ဘာပေ ရေပန်းအစားဆုံးဖြစ်     

■ လာလီဂါဂိုးသွင်းဘုရင်ဆုအတွက် ဘာပေ ရေပန်းအစားဆုံးဖြစ်     
Photo: Getty Images
Photo: Getty Images
Published 16 August 2024

ရီးယဲလ်အသင်း၏ တိုက်စစ်မှူးအသစ် ဘာပေသည် ၂၀၂၄-၂၅ ရာသီ လာလီဂါပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။

    

ဘာပေသည် လာလီဂါပြိုင်ပွဲကို ယခုရာသီမှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဂိုးသွင်းဘုရင်ဆုရရှိရန် အခြားကစားသမားများထက် အပြတ်အသတ်ရေပန်းစားနေကြောင်း သိရသည်။ 

ဘာပေ ဂိုးသွင်းဘုရင်ဆုရရှိရန်အတွက် အလေးပေးမှုမှာ (၈း၁၃)လေးဖြစ်ပြီး ဒုတိယနေရာမှ ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် အလေးပေးမှုမှာ (၉း၂)လေးဖြစ်သည်။ 

လာလီဂါဂိုးသွင်းဘုရင်ဆုအတွက် ရေပန်းအစားဆုံး(၅)ဦးစာရင်းတွင် ရီးယဲလ်ကစားသမား(၃)ဦး ပါဝင်ခဲ့ပြီး ဗင်နီစီယပ်စ်က တတိယနေရာတွင် (၁၂း၁)လေး၊ ဘယ်လင်ဂမ်က ပဥ္စမနေရာတွင် (၂ဝး၁)လေးဖြင့် ရပ်တည်ခဲ့ပြီး စတုတ္ထနေရာတွင်မူ အက်သလက်တီကိုအသင်း၏ တိုက်စစ်မှူးအသစ် ဆော်လော့သ်က (၁၆း၁)လေးဖြင့် ရပ်တည်ခဲ့ကြောင်း သိရသည်။

    

ဘာပေသည် ပြင်သစ်လီဂူးပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဆုကို ၂၀၁၈-၁၉ ရာသီမှ ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီအထိ (၆)ရာသီဆက်တိုက် ရရှိခဲ့သူဖြစ်သည်။ 

ထို့ကြောင့် ပံ့ပိုးနိုင်မည့် ကစားသမားများ ပိုမိုများပြားသည့် ရီးယဲလ်အသင်းတွင် ဂိုးသွင်းဘုရင်ဆုကို အခက်အခဲမရှိရယူနိုင်လိမ့်မည်ဟု ကျွမ်းကျင်သူများသာမက ပရိသတ်များကလည်း ယုံကြည်နေကြောင်း သိရသည်။

Most Read

Most Recent