■ တစ်ရာသီ ဂိုး(၅၀)အထက် သွင်းယူနိုင်ခြေရှိသည်ဟု ဘာပေ ပြောကြား     

■ တစ်ရာသီ ဂိုး(၅၀)အထက် သွင်းယူနိုင်ခြေရှိသည်ဟု ဘာပေ ပြောကြား     
Published 16 August 2024

ရီးယဲလ်အသင်း၏ တိုက်စစ်မှူးသစ် ဘာပေက မိမိအနေဖြင့် ရီးယဲလ်အသင်းတွင် တစ်ရာသီဂိုး(၅၀)အထက် သွင်းယူနိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။ 

ဘာပေသည် ယခုနွေရာသီတွင် PSG အသင်းနှင့်လမ်းခွဲကာ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဥရောပစူပါဖလားပွဲတွင် ရီးယဲလ်အသင်းအတွက် ပွဲဦးထွက်ယှဉ်ပြိုင်ကစားကာ ဂိုးသွင်းယူနိုင်ခဲ့သည်။ 

ထို့ကြောင့် တစ်ရာသီဂိုး(၅၀)အထက် သွင်းယူနိုင်မည်လားဟု မေးမြန်းခဲ့ရာ ၎င်းက "ရီးယဲလ်က ကန့်သတ်ချက်မရှိသလို၊ ကျွန်တော်ကလည်း မရှိပါဘူး။ ဒါကြောင့် ကျွန်တော် ဂိုး(၅၀)အထက် သွင်းယူနိုင်ခြေရှိပါတယ်"ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

အသက် (၂၅) နှစ်အရွယ်ရှိ ဘာပေသည် လာလီဂါပြိုင်ပွဲကို ယခုရာသီမှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဂိုးသွင်းဘုရင်ဆုရရှိရန် အခြားကစားသမားများထက် အပြတ်အသတ်ရေပန်းစားနေကြောင်း သိရသည်။ 

ဘာပေ ရာသီသစ် လာလီဂါပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဆုရရှိရန်အတွက် (၈း၁၃)လေးဖြင့် ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရသည်။ 

    

ဘာပေသည် ပြင်သစ်လီဂူးပြိုင်ပွဲတွင် ဂိုးသွင်းဘုရင်ဆုကို ၂၀၁၈-၁၉ ရာသီမှ ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီအထိ (၆)ရာသီဆက်တိုက် ရရှိခဲ့သူဖြစ်ပြီး PSG အသင်းအတွက် ပြိုင်ပွဲစုံ (၃၀၈) ပွဲတွင် (၂၅၆) ဂိုးအထိ သွင်းယူပေးခဲ့သည်။ 

Most Read

Most Recent