■ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဗန်တိုနေးကို အယ်လ်ကတ်ဆီယာအသင်း ကမ်းလှမ်း     

■ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အီဗန်တိုနေးကို အယ်လ်ကတ်ဆီယာအသင်း ကမ်းလှမ်း     
Photo: Getty Images
Photo: Getty Images
Published 16 August 2024

ဆော်ဒီကလပ် အယ်လ်ကတ်ဆီယာအသင်းသည် ဘရန့်ဖို့ဒ်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး အီဗန်တိုနေးကို (၃)နှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ 

အသက် (၂၈) နှစ်အရွယ်ရှိ အီဗန်တိုနေးသည် ပရီးမီးယားလိဂ်ထိပ်သီးအသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေသည့် ကစားသမားတစ်ဦးဖြစ်သော်လည်း လက်ရှိအချိန်အထိ အပြောင်းအရွှေ့ဖြစ်ပေါ်ခြင်းမရှိသေးပေ။ 

သို့သော် ယူရို ၂၀၂၄ ပြိုင်ပွဲပြီးနောက်တွင် ဥရောပထိပ်တန်းအသင်းကြီးများအနေဖြင့် အီဗန်တိုနေးအား ခေါ်ယူရန် စိတ်ဝင်စားမှု လျော့နည်းလာကြောင်း သိရသည်။ 

ထို့ကြောင့် အယ်လ်ကတ်ဆီယာအသင်းက ကြိုးပမ်းလာခြင်းဖြစ်ပြီး တစ်နှစ်လစာပေါင်(၁၅.၄)သန်းဖြင့် (၃)နှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

ဘရန့်ဖို့ဒ်အသင်းသည် အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သည့် အီဗန်တိုနေးအား ယခုနွေတွင် ရောင်းထုတ်ရန် ဆန္ဒရှိနေပြီး ကနဦးတွင် ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) သတ်မှတ်ခဲ့သော်လည်း ယခုအခါ ပေါင်သန်း (၆၀) ဖြင့် ရောင်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ 

Most Read

Most Recent