တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာသို့ လာရောက်ချိန်တွင် အမေရိကန်က မြန်မာအတိုက်အခံအင်အားစုများနှင့် တွေ့ဆုံပြီး အကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာသို့ လာရောက်ချိန်တွင် အမေရိကန်က မြန်မာအတိုက်အခံအင်အားစုများနှင့် တွေ့ဆုံပြီး အကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေး
Published 16 August 2024

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ မြန်မာနိုင်ငံမှ သြဂုတ် ၁၄ ရက်မှ ၁၅ ရက်ထိ လာရောက်ချိန်တွင် အမေရိကန်ကလည်း သြဂုတ် ၁၅ ရက်တွင် မြန်မာအတိုက်အခံအင်အားစုများနှင့် တွေ့ဆုံပြီး အကူအညီပေးရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

NUG အဖွဲ့မှ ယာယီသမ္မတဒူဝါလရှီးလက ၎င်း၏ တွစ်တာအကောင့်တွင် သြဂုတ် ၁၅ ရက်တွင် ရေးသားချက်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံ တွမ်ဆူလီဗန်၊ နိုင်ငံတကာဖွံ့ဖြိုးရေးအတွက် အမေရိကန်အကူအညီအေဂျင်စီ (USAID) မှ ဒုတိယအုပ်ချုပ်ရေးမှူးမိုက် ကယ်ရှစ်ဖားတို့နှင့် အွန်လိုင်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရာတွင် တိုးတက်မှုရစေရန် တိုက်ရိုက်ကူညီပံ့ပိုးတာကို တိုးချဲ့လုပ်ဆောင်ပေးသည့်အတွက် အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်းစကားပြောကြားခဲ့ကြောင်း ဒူဝါလရှီးလက ရေးသားထားသည်။

NUG ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ၂၀၂၁ ခုနှစ် ဧပြီ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

CRPH၊ NUG နှင့် ဆက်စပ်အဖွဲ့များကို အကြမ်းဖက်အုပ်စုများအဖြစ် နစကက ၂၀၂၁ ခုနှစ် မေလ ၈ ရက်တွင် ကြေညာထားသည်။

မြန်မာအတိုက်အခံအင်အားစုများနှင့် တွေ့ဆုံခဲ့သည့် တွမ်ဆူလီဗန်သည် ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံ ဒဲရက်ချောလက်၏နေရာကို အစားထိုးဝင်ရောက်လာသူဖြစ်သည်။ ၎င်းသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နိုင်ငံခြားရေးဝန်ကြီး၏အကြီးတန်း မူဝါအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ကျယ်ပြန့်သော ပြဿနာအသီးသီးကို ကိုင်တွယ်ခဲ့ရသူဖြစ်ကာ ဝန်ကြီးက ညွှန်ကြားသော သံတမန်ဆိုင်ရာအလုပ်တာဝန်များကို ဆောင်ရွက်ရသူဖြစ်သည်။

ဆူလီဗန်သည် ၂၀၂၁ ခုနှစ် ဇန်နဝါရီကတည်းက နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်၏ ဒုတိယဝန်ထမ်းရေးရာအကြီးအကဲအဖြစ် ထမ်းဆောင်ခဲ့သည်။

ဆူလီဗန်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အထက်လွှတ်တော်တို့တွင် ယခင်က ရာထူးတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဆူလီဗန်သည် နိုင်ငံခြားရေးဝန်ကြီးကယ်ရီလက်ထက် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အလားတူတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

Most Read

Most Recent