■ ယူရို ၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယူရို ၂၀၂၄ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 21 June 2024

ဂျော်ဂျီယာ - ချက် (မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက် ည ၇:၃၀ နာရီ)

ဂျော်ဂျီယာအသင်းရော ချက်အသင်းရော အဖွင့်ပွဲစဉ်တွေမှာ ကောင်းကောင်း ကစားနိုင်ခဲ့ကြတယ်။ ဂျော်ဂျီယာက တူရကီအသင်းကို သေချာပေါက် သရေရသင့်တဲ့ ခြေစွမ်းမျိုးနဲ့ ဂိုးပြတ်ရှုံး သွားတာဖြစ်ပြီးချက်ကလည်း နောက်ဆုံးမိနစ်မှာ မထင်မှတ်ဘဲ ဂိုးပေးလိုက်ရလို့ ပေါ်တူဂီကို မထင်မှတ်ပဲ ရှုံးခဲ့တာပါ။ ဂျော်ဂျီယာနဲ့ ချက်က ပုံမှန်အားဖြင့်တော့ ချက်က ပိုကောင်းတယ်လို့ ပြော နို်င်ပါတယ်။ ခွာရတ်စကယ်လီယာကို သေချာထိန်းနိုင်ရင် ချက် နိုင်ပွဲယူမှာပါ။ 



တူရကီ - ပေါ်တူဂီ (မြန်မာစံတော်ချိန် ဇွန်လ ၂၂ ရက် ည ၁၀:၃၀ နာရီ)

ပေါ်တူဂီအသင်းက ပိုကောင်းတဲ့ စုဖွဲ့မှု၊ ပိုကောင်းတဲ့ ကစားသမားတွေနဲ့ ပိုအင်အားကြီးတဲ့အသင်းပါ။ ဒါပေမဲ့ အသင်းလိုက်စုဖွဲ့မှုအားက နိုင်ငံတကာ ပြိုင်ပွဲတွေမှာ အရမ်းအရေးကြီးပါတယ်။ ပေါ်တူဂီ ပိုကောင်းတာမှန်ပေမယ့် တူရကီ ခံစစ်က မာကျောပြီး အခွင့်အရေး လွယ်လွယ်မပေးတဲ့ ခံစစ်မျိုးပါ။ တိုက်စစ်ပိုင်းလည်း လုပ်ရည်ကိုင်ရည်ရှိတယ်။ ပေါ်တူဂီအသင်းရဲ့ တိုက်စစ်ကစားပုံကလည်း သိပ်အားရစရာမဟုတ်သေးလို့ သရေကျသွားရင် အံ့ဩစရာမရှိဘူး။ 



ဘယ်လ်ဂျီယံ - ရိုမေးနီးယား (မြန်မာစံတော်ချိန် ဇွန်လ ၂၃ ရက် နံနက် ၁:၃၀ နာရီ)

ဘယ်လ်ဂျီယံရဲ့ တိုက်စစ်က အထင်သေးလို့ မရတဲ့ တိုက်စစ်ပါ။ ဘယ်အသင်းကိုမဆို ဒုက္ခပေးနိုင်တဲ့ တစ်ဦးချင်း စွမ်းရည်တွေကို ပိုင်ဆိုင်ထားတယ်။ မြန်နှုန်းမြင့်တယ်။ ရိုမေးနီးယားရဲ့ စုဖွဲ့ကစားပုံကိုလည်း လျှော့မတွက်သင့်ပေမယ့် ဘယ်လ်ဂျီယံက အသင်းလိုက်မြန်နှုန်းမြင့်လွန်းတယ်။ အဖွင့်ပွဲတုန်းက ဆလိုဗက်ကီးယားကို မထင်မှတ်ပဲ ရှုံးခဲ့ပေမယ့် ဘယ်လ်ဂျီယံ အနိုင်ရသင့်တဲ့ ခြေစွမ်းမျိုးနဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒီပွဲလည်း သေရေးရှင်ရေးအခြေအနေမှာ ဘယ်လ်ဂျီယံကိုကြိုက်တယ်။ 

Most Read

Most Recent