■  ပရီးမီးယားလိဂ်အသင်းတစ်သင်းတွင် လီဗာပူးလ်နောက်ခံလူဟောင်း မာတစ် ပြန်ကစားဖွယ်ရှိ

■  ပရီးမီးယားလိဂ်အသင်းတစ်သင်းတွင် လီဗာပူးလ်နောက်ခံလူဟောင်း မာတစ် ပြန်ကစားဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 20 September 2024

လီဗာပူးလ်အသင်း၏ ကစားသမားဟောင်း မာတစ်သည် ပရီးမီးယားလိဂ်အသင်းတစ်သင်းတွင် ပြန်ကစားဖွယ်ရှိကြောင်း သိရသည်။ 

ကင်မရွန်းနောက်ခံလူ မာတစ်(၃၃ နှစ်)သည် ပြီးခဲ့သည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။ 

၎င်းကို လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် ဝက်စ်ဟမ်း၊ ဖူလ်ဟမ်နှင့် ဝုလ်ဗ်အသင်းတို့က ခေါ်ယူရန် ကမ်းလှမ်းထားပြီး ၎င်းကလည်း ပရီးမီးယားလိဂ်တွင် ပြန်ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

မာတစ်သည် လီဗာပူးလ်အသင်းတွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ (၈) ရာသီကြာ ကစားခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၂၀၁) ပွဲတွင် (၁၁)ဂိုး သွင်းယူခဲ့သည်။ 

မာတစ်သည် လီဗာပူးလ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလား အပါအဝင် ဆုဖလား (၆) လုံးအထိ ရယူနိုင်ခဲ့သည်။

Most Read

Most Recent