■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 16 August 2024

■ ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

မန်ယူ - ဖူလ်ဟမ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် နံနက် ၁:၃၀ နာရီ)

မန်ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကို ကစားရမယ်။ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ကစားရမှာဖြစ်ပြီး နိုင်ပွဲနဲ့ ရာသီဖွင့်နိုင်ဖို့က နောက်ပိုင်းပွဲတွေအတွက်လည်း အရေးကြီးပါတယ်။ ဖူလ်ဟမ်က စမစ်ရိုးကို ခေါ်ထားသလို အခြားကစားသမားကောင်းတွေလည်း ရှိတယ်။ မန်ယူနိုက်တက်ကို အခက်တွေ့အောင်လုပ်နိုင်စွမ်းရှိတဲ့အသင်းလို့လည်း ပြောရမယ်။ ဒါပေမဲ့ မန်ယူနိုက်တက်ပဲ နိုင်မှာပါ။ (၂-၁) လောက်ဖြစ်မယ်။ 

 

 

■  လာလီဂါပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက် 

ဆယ်လ်တာဗီဂို - အလာဗတ်စ် (မြန်မာစံတော်ချိန် သြဂုတ်လ ၁၆ ရက် ည ၁၁:၃၀ နာရီ)

ဆယ်လ်တာဗီဂိုကလည်း လူငယ်တွေနဲ့ အသစ်ပြန်တည်နေတဲ့အချိန်ဖြစ်နေတယ်။ ဒါကြောင့် အရင်လိုအိမ်ကွင်းအားမျိုး မျှော်လင့်ထားလို့မဖြစ်သေးဘူး။ အလာဗတ်စ်ကလည်း အဝေးကွင်းမှာ စွန့်စားတဲ့အသင်းမျိုးမဟုတ်ဘဲ သတိကြီးကြီးနဲ့ထိန်းကစားတဲ့အသင်းမျိုးဖြစ်လို့ ဆယ်လ်တာဗီဂိုတို့ အနိုင်ယူပြဖို့မလွယ်လှပါဘူး။ ဒီပွဲက ဆယ်လ်တာဗီဂိုတော့ အိမ်ကွင်းမှာ ဂိုးရအောင် ကစားနိုင်မလားပဲ အဓိကစောင့်ကြည့်ရမှာပါ။ ဂိုးအနည်းသရေပွဲနဲ့ပဲ အဆုံးသတ်ဖို့များလိမ့်မယ်။

လက်စ်ပါမားစ် - ဆီဗီလာ (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် နံနက် ၂:၀၀ နာရီ)

(၂)သင်းစလုံးပြီးခဲ့တဲ့ရာသီက အသင်းတွေနဲ့ပုံစံသိပ်မကွာနိုင်ပါဘူး။ ဆီဗီလာဆိုရင် အင်အားပိုလျော့သွားသလိုတောင် ရှိနေတယ်။ နှစ်သင်းစလုံးရာသီအဖွင့်ဆို အထလေးတတ်တဲ့ အသင်းတွေဖြစ်ပြီး ဆီဗီလာကတော့ အဝေးကွင်းမှာ အတွေ့အကြုံနဲ့ပဲထိန်းကစားသွားဖို့များပါတယ်။ ရာသီအစပြင်ဆင်ဆဲကာ လမျိုးဆိုပေမယ့် အိမ်ကွင်းဆိုကစားအားပိုကောင်းတတ်တဲ့ လက်စ်ပါမားစ်တို့ အခွင့်အရေးပိုသာသွားနိုင်တာအမှန်ပါ။ လက်စ်ပါမားစ်နဲ့ ဂိုးအနည်းပဲ ရွေးကြည့်ထားလိုက်တယ်။

 

 

■ ပြင်သစ်လီဂူးပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

လူအယ်ဗာ - PSG (မြန်မာစံတော်ချိန် သြဂုတ်လ ၁၇ ရက် နံနက် ၁:၁၅ နာရီ)

လူအယ်ဗာရဲ့ ကစားသမားစုဖွဲ့မှုနဲ့ ခြေစွမ်းအရ PSG ကိုယှဉ်နိုင်ဖို့မရှိပေမယ့် ရာသီအဖွင့်ပွဲဖြစ်နေတဲ့အပြင် အိမ်ကွင်းမှာ အမှတ်ရဖို့ ရုန်းကန်လာနိုင်တဲ့ကစားအားကိုသတိပြုရမှာပါ။ PSG ကတော့ ဘာပေအလွန်မှာအသင်းကို လူငယ်ကစားသမားတွေနဲ့ စုဖွဲ့တည်ဆောက်သွားဖို့ရှိနေပြီး ရာသီအစမှာ ထိန်းထိန်းသိမ်းသိမ်းကစားပြီး နိုင်ပွဲရဖို့ပဲကြိုးစားပါလိမ့်မယ်။ PSG ကပြီးခဲ့တဲ့နွေရာသီမှာ ခြေစမ်းပွဲများများစားစား မကစားခဲ့ပေမယ့် နည်းပြအန်နရီကေးတစ်ယောက်အသင်းကို ဟန်ချက်ညီအောင်တည်ဆောက်ထားပါတယ်။ PSG အနိုင်ရအောင်တော့ ကစားမှာပါ။ ဂိုးနည်းမယ်။

Most Read

Most Recent