အင်္ဂလန်အသင်း၏ နည်းပြသစ်အဖြစ် လမ်းပတ်ကို ဂယ်ရီလိုင်နီကာနှင့် မီကာရစ်ချတ်စ်တို့ ထောက်ခံ

အင်္ဂလန်အသင်း၏ နည်းပြသစ်အဖြစ် လမ်းပတ်ကို ဂယ်ရီလိုင်နီကာနှင့် မီကာရစ်ချတ်စ်တို့ ထောက်ခံ
Published 8 July 2024

BBC ၏ ဘောလုံးသုံးသပ်သူအဖြစ် ဆောင်ရွက်နေသည့် ဂယ်ရီလိုင်နီကာနှင့် မီကာရစ်ချတ်စ်တို့က အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြသစ်အဖြစ် ချယ်လ်ဆီးကစားသမားနှင့် နည်းပြဟောင်း လမ်းပတ်ကို မြင်တွေ့လိုကြောင်း ပြောကြားခဲ့သည်။

လက်ရှိအင်္ဂလန်နည်းပြ ဆောက်ဂိတ်သည် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများ အကြိုက်တွေ့သည့်နည်းပြဖြစ်သော်လည်း ၎င်း၏အနာဂတ်မှာ မရေမရာဖြစ်နေသည်။

ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးတွင်ပင် လမ်းခွဲဖွယ်ရှိကြောင်း သတင်းထွက်နေသည့်အတွက် ဂယ်ရီလိုင်နီကာနှင့် မီကာရစ်ချတ်စ်တို့က လမ်းပတ်ကို အဆိုပြုခြင်းဖြစ်သည်။

Most Read

Most Recent