စီရော်နယ်လ်ဒိုသည် ဘောလုံးမည်သို့ကစားရမည်ကို မသိရှိကြောင်း ရီးယဲလ် ကစားသမားဟောင်းတစ်ဦးဖြစ်သူ ကာဆာနို ဝေဖန်

စီရော်နယ်လ်ဒိုသည် ဘောလုံးမည်သို့ကစားရမည်ကို မသိရှိကြောင်း ရီးယဲလ် ကစားသမားဟောင်းတစ်ဦးဖြစ်သူ ကာဆာနို ဝေဖန်
Photo: talkSPORT
Photo: talkSPORT
Published 25 September 2024

 

ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုသည် ဘောလုံးမည်သို့ကစား ရမည်ကို သိရှိသူမဟုတ်ကြောင်း ရီးယဲလ် ကစားသမားဟောင်းတစ်ဦးဖြစ်သူ ကာဆာနို က ဝေဖန်ခဲ့သည်။

စီရော်နယ်လ်ဒို (၃၉ နှစ်) သည် ယခုလ အစောပိုင်းက ဘောလုံးသမိုင်းတစ်လျှောက် ဂိုး ၉၀၀ ပြည့်သည့် ပထမဆုံးကစားသမား ဖြစ်လာပြီး အသက် ၃၀ ပြည့်ပြီးနောက် အံ့အားသင့်ဖွယ် ဂိုးသွင်းနှုန်းကြောင့် အများချီးကျူးစရာဖြစ်ခဲ့သည်။ သို့သော် အီတလီတိုက် စစ်ကစားသမားဟောင်းဖြစ်သည့် ကာဆာနို က စီရော်နယ်လ်ဒိုအား Viva El Futbol podcast အစီအစဉ်တွင် အများနှင့်မတူဘဲ ထူးထူးခြားခြား ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

"ခရစ္စတီယာနိုရော်နယ်လ်ဒိုက ဘောလုံး ဘယ်လိုကစားရမလဲဆိုတာကို မသိပါဘူး။ သူဟာ ဂိုး ၃၀၀၀ လောက် သွင်း နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဂရုမစိုက်ပါဘူး။ ဟီဂွါအင်၊ အဂွဲရိုး၊ ဘန်ဇီမာ၊ လီဝန်ဒေါ စကီး၊ အီဘရာဟီမိုဗစ်၊ ဆွာရက်ဇ်တို့က အသင်းနဲ့ ဘယ်လိုချိတ်ဆက်ကစားရမလဲ ဆိုတာ သိပါတယ်။ သူတို့ဟာ ဘယ်လိုအရာ တွေ လုပ်ရမလဲဆိုတာလည်း သိပါတယ်။ ရော်နယ်လ်ဒိုကတော့ ဒီလိုမဟုတ်ပါဘူး။ သူက ဂိုးသွင်းဖို့ပဲ အမြဲရည်မှန်းချက်ထားပါတယ်"ဟု ကာဆာနိုက သုံးသပ်ခဲ့သည်။ 

၎င်းအနေဖြင့် ၂၀၂၂ ခုနှစ်က စီရော်နယ်လ်ဒို မန်ယူအသင်းတွင်ကစားစဉ် ကစားသမား ဘဝမှ အနားယူရန်လည်း တိုက်တွန်းခဲ့ဖူးကြောင်းလည်း သိရသည်။ ကာဆာနို (၄၂ နှစ်) သည် ရီးယဲလ်အသင်း၌ ၂၀၀၆ မှ ၂၀၀၈ (၂၀၀၇- ၀၈ ရာသီတွင် ဆမ်ဒိုးရီးယား၌ အငှားကစား) အထိရှိခဲ့သော်လည်း ပြိုင်ပွဲစုံ ၂၉ ပွဲသာ ကစားခဲ့ရကာ လေးဂိုးသာ သွင်းယူနိုင်ခဲ့သည်။

 

Most Read

Most Recent