မြန်မာနေရှင်နယ်လိဂ်မှာ ဦးကိုကိုသိန်းကို CEO အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး ဦးစိုးမိုးကျော်က ဒုဥက္ကဋ္ဌ(၂)အဖြစ် ပြောင်းလဲတာဝန်ယူမယ်

မြန်မာနေရှင်နယ်လိဂ်မှာ ဦးကိုကိုသိန်းကို CEO အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး ဦးစိုးမိုးကျော်က ဒုဥက္ကဋ္ဌ(၂)အဖြစ် ပြောင်းလဲတာဝန်ယူမယ်
Photo: MFF
Photo: MFF
Published 6 April 2026

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးကို  ဧပြီ(၅)ရက် မနေ့က ကျင်းပပြုလုပ်ခဲ့ရာမှာ ဦးကိုကိုသိန်းကို CEO အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး ဦးစိုးမိုးကျော်က ဒုဥက္ကဋ္ဌ(၂)အဖြစ် ပြောင်းလဲတာဝန်ယူဖို့ အတည်ပြုခဲ့ကြောင်း သိရပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် အခုလို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပြီး ဖွဲ့စည်းပုံအသစ်အရ ဦးဇော်မင်းသိန်းက ဥက္ကဋ္ဌ၊ ဦးကိုကိုသိန်းက CEO နဲ့ ဒုဥက္ကဋ္ဌ(၁)၊ ဦးစိုးမိုးကျော်က ဒုဥက္ကဋ္ဌ(၂)အဖြစ် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာအမျိုးသားလိဂ်ပြိုင်ပွဲကျင်းပရေး Chief Operating Officer-COO အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်းကို တာဝန်ပေးခန့်အပ်ခဲ့ပြီး မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကျင်းပရေး Chief Operating Officer-COO အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(Vice Chairman of MFF Media and Communications Committee) ဦးမိုးဝေအောင်ကို တာဝန်ပေးခန့်အပ်ခဲ့ကြောင်း သိရပါတယ်။

လိဂ်ကော်မတီအစည်းအဝေး ပြုလုပ်ရာမှာ ပြီးခဲ့တဲ့ မတ်လအတွင်း ကွယ်လွန်သွားခဲ့တဲ့ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်တဲ့ ဦးတင်မြင့်အောင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ငြိမ်သက်ကာ ဂုဏ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

 

Most Read

Most Recent