စပိန်လာလီဂါပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 6 October 2024

ဂျီရိုနာ - ဘီလ်ဘာအို (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ဂျီရိုနာကတော့ ပြိုင်ပွဲ (၂)ခုအကြား ဟန်ချက်မျှအောင် မနည်းထိန်းနေရပြီး လာလီဂါဘက်မှာအတော်လေးရုန်းနေရ တယ်။ ဒါကြောင့် အခုပွဲလည်း ဂျီရိုနာအိမ်ကွင်းဆိုပေမယ့် ဘီလ်ဘာအိုရဲ့ သမ္ဘာနဲ့ အစဉ်အလာကိုမေ့ထားလို့မရပါဘူး။ အ  ထူးသဖြင့် ဘီလ်ဘာအိုအသင်းရဲ့ ကွင်းမရွေး မာရေကျောရေ ရှိတဲ့ကစားပုံက လာလီဂါခရီးကြမ်းမှာမတည်ငြိမ်သေးတဲ့ ဂျီရိုနာ တို့မနည်းတောင့်ခံရမှာပါ။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲရွေးမယ်။

အလာဗတ်စ် - ဘာစီလိုနာ (တနင်္ဂနွေည ၈း၄၅ နာရီ)

ဘာစီလိုနာမှာ ကစားသမားအင်အားမတောင့်တင်းသေး တာကို အိုဆာဆူနာနဲ့ရှုံးပွဲမှာတွေ့လိုက်ရတယ်။ နည်းပြဟန်ဆီ ဖလစ်ခ်က အဲဒီပွဲမှာ အသင်းကိုလူအလှည့်အပြောင်းအများဆုံးလုပ်ကြည့်ပြီး ပွဲထုတ်ခဲ့ပေမယ့် အသင်းက  ပထမဦးစားပေး ကစားသမားတွေနဲ့လောက် ခြေစွမ်းမပြနိုင်ဘူးဖြစ်သွားတယ်။  အားနည်းနေတဲ့ ဂိုးသမားနေရာအတွက် ဆဇက်စနီရောက်လာ လို့ အပြောင်းအလဲဖြစ်သွားမလားစောင့်ကြည့်ရဦးမယ်။ ဒီပွဲကို တော့ အိုဆာဆူနာနဲ့ပွဲက အမှားမျိုးထပ်မလုပ်ဖြစ်အောင်ဟန် ဆီဖလစ်ခ်သတိထားပွဲထုတ်လာနိုင်တယ်။ အလာဗတ်စ်က လည်း အိမ်ကွင်းမှာအစွမ်းပြနေတဲ့ အသင်းဖြစ်လို့ ဘာစီလိုနာ သတိထားရမယ့်ပြိုင်ဘက်မျိုးဖြစ်နေတယ်။ အလာဗတ်စ်ရဲ့ အိမ်ကွင်းခံစစ်ကစားပုံမာကျောပြီး တိုက်စစ်ကစားပုံလည်းမ ဆိုးလှဘူး။ ဘာစီလိုနာဂိုးနည်းနည်းနဲ့ပဲ ကပ်နိုင်သွားဖို့ရှိတယ်။

ဆီဗီလာ - ဘက်တစ် (တနင်္ဂနွေည ၁၁း၀၀ နာရီ)

ဒီတစ်ခေါက် ဆီဗီးလ်ဒါဘီမှာလည်း အိမ်ရှင်ဆီဗီလာက အားနည်းတဲ့အသင်းဖြစ်တေုန်းပဲ။ ဒါပေမဲ့ ဘက်တစ်ရဲ့အဝေးကွင်း ခြေစွမ်းကလည်း စိတ်မချရလို့ ဒါဘီပွဲပီပီ ဆီဗီလာတို့အမှတ်ရ အောင်ကြိုးစားကစားမှာပါ။ လက်ရှိလက်စွမ်းအရ ဆီဗီလာတို့ အမှတ်ရအောင်တော့ကစားပါလိမ့်မယ်။

ဆိုစီဒက် - အက်သလက်တီကို (တနင်္လာနံနက် ၁း၃၀ နာရီ)

အက်သလက်တီကိုရဲ့ အဝေးကွင်းခြေစွမ်းကသိပ်တော့ စိတ်မချရသေးဘူး။ ဒါပေမဲ့ ဆိုစီဒက်ကလည်း ဒီရာသီကစားပုံ လျော့နေသေးတယ်။ ခံစစ်၊ တိုက်စစ် (၂)ခုစလုံးမှာလည်း အား နည်းချက်တွေရှိနေသေးလို့ အက်သလက်တီကိုကိုမနည်း တောင့်ခံကစားရဖို့များနေတယ်။ အစဉ်အလာမှာလည်း အက် သလက်တီကိုကို မယှဉ်နိုင်သေးတာက ဆိုစီဒက်အတွက်အား နည်းမှုပါပဲ။ ဆိုစီဒက်အမြင့်ဆုံး သရေတစ်မှတ်ပဲမျှော်နိုင်မယ်။

Most Read

Most Recent