အက်စတွန်ဗီလာ - မန်ယူပွဲကို ဆာဂျင်ရက်ကလစ်ဖ် လာရောက်ကြည့်ရှုမည်

အက်စတွန်ဗီလာ - မန်ယူပွဲကို ဆာဂျင်ရက်ကလစ်ဖ် လာရောက်ကြည့်ရှုမည်
Photo: Getty Images
Photo: Getty Images
Published 4 October 2024

မန်ယူအသင်း၏ ရှယ်ယာရှင်ဖြစ်သူ ဗြိတိန်လုပ်ငန်းရှင် ဆာဂျင်ရက်ကလစ်ဖ်သည် ယခုတစ်ပတ် ယှဉ်ပြိုင်ကစားမည့် မန်ယူအသင်း၏ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်ကို လာရောက်ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရပြီး (၆)ပွဲကစားအပြီးတွင် (၇)မှတ်သာရရှိထားသည်။

ယူရိုပါလိဂ်တွင်လည်း နှစ်ပွဲဆက် သရေကျခဲ့ပြီး ပေါ်တိုနှင့်ပွဲတွင် ဦးဆောင်ဂိုးနှစ်ဂိုး သွင်းခဲ့ပြီးမှ အနိုင်ရလဒ်ကို မထိန်းနိုင်ခဲ့ဘဲ နောက်မှပြန်လိုက်ကစားခဲ့ရသည်။

ထို့ကြောင့် လက်ရှိနည်းပြ တန်ဟက်ဂ်အနေဖြင့် အက်စတွန်ဗီလာနှင့်ပွဲတွင် ရလဒ်ကောင်း ရယူနိုင်ခြင်းမရှိခဲ့ပါက ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိကြောင်းလည်း ထင်ကြေးပေးခံနေရသည်။

ယင်းအခြေအနေတွင် ဆာဂျင်ရက်ကလစ်ဖ်က အဆိုပါပွဲကို လာရောက်ကြည့်ရှုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent