■ ကာနီလိုအယ်လ်ဗာရက်ဇ်နှင့် ဘာလန်ဂါ ထိုးသတ်ခဲ့သည့်လက်ဝှေ့ပွဲတွင် ကွင်းဝင်ကြေး ဒေါ်လာ (၁၇) သန်းရရှိ 

■ ကာနီလိုအယ်လ်ဗာရက်ဇ်နှင့် ဘာလန်ဂါ ထိုးသတ်ခဲ့သည့်လက်ဝှေ့ပွဲတွင် ကွင်းဝင်ကြေး ဒေါ်လာ (၁၇) သန်းရရှိ 
Published 20 September 2024

နာမည်ကြီး မက္ကဆီကိုလက်ဝှေ့ သမား ကာနီလိုအယ်လ်ဗာရက်ဇ်နှင့် အမေရိကန်လက်ဝှေ့သမား အက်ဂါဘာလန်ဂါတို့ ထိုးသတ်ခဲ့သည့် စူပါ မစ်ဒယ်ဝိတ်တန်း ချန်ပီယံစိန်ခေါ်ပွဲတွင် ကွင်းဝင်ကြေး ဒေါ်လာ (၁၇) သန်း ရရှိခဲ့ကြောင်း သိရသည်။

    

အယ်လ်ဗာရက်ဇ်၏ WBA(Super)၊ WBC၊ WBO စူပါမစ်ဒယ် ၀ိတ်တန်း ချန်ပီယံခါးပတ်သုံးခု ကာကွယ်ပွဲကို စက်တင်ဘာ (၁၄) ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၅ ရက်နံနက်ပိုင်း) တွင် အမေရိကန်နိုင်ငံ၊ လတ်စ်ဗေးဂတ်စ်ရှိ T-Mobile Arena ၌ ကျင်းပခဲ့သည်။ 

ယင်းနေ့မှာပင် တစ်မြို့တည်းရှိ Sphere ၌ UFC 306 ပြိုင်ပွဲကျင်းပခဲ့ပြီး ကွင်းဝင်ကြေး ဒေါ်လာ (၂၂) သန်းရရှိသလို အယ်လ်ဗာရက်ဇ်-ဘာလန်ဂါပွဲစဉ်မှာလည်း ကွင်းဝင်ကြေး ဒေါ်လာ (၁၇) သန်း ရရှိခဲ့ခြင်းဖြစ်သည်။ 

အယ်လ်ဗာရက်ဇ်-ဘာလန်ဂါပွဲစဉ်ကို ပရိသတ် (၂၀၃၁၂) ဦး ကွင်းအတွင်းလာရောက် ကြည့်ရှုခဲ့ပြီး ရုပ်သံမှ တစ်ပွဲချင်းအခပေးကြည့် ရှုခြင်းအတွက် Pay-per-view ရောင်းချရမှုမှာလည်း (၆၅၀၀၀၀) ရှိကြောင်း သိရသည်။

ယင်းပွဲတွင် အယ်လ်ဗာရက်ဇ်က ပွဲချိန်တစ်လျှောက်လုံး လက်ရည်အသာဖြင့် ထိုးသတ်ကာ အမှတ်ဖြင့် အနိုင်ရခဲ့သည်။ 

ဒိုင်နှစ်ဦးက ၁၁၈-၁၀၉ မှတ်၊ တစ်ဦးက ၁၁၇-၁၁၀ မှတ်ဖြင့် အယ်လ်ဗာရက်ဇ်ကို အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent