■ မိုနာကိုနောက်ခံလူ ဗန်ဒါဆန်ကို ပရီးမီးယားလိဂ်အသင်းများ စိတ်ဝင်စား     

■ မိုနာကိုနောက်ခံလူ ဗန်ဒါဆန်ကို ပရီးမီးယားလိဂ်အသင်းများ စိတ်ဝင်စား     
Published 13 September 2024

ပရီးမီးယားလိဂ်ထိပ်သီးအသင်းများသည် မိုနာကိုအသင်းမှ ဘရာဇီးလ်နောက်ခံလူ ဗန်ဒါဆန်ကို ခေါ်ယူရန် စိတ်ဝင် စားနေကြောင်း သိရသည်။ 

ဗန်ဒါဆန်(၂၃ နှစ်)သည် ၂၀၂၂ ဇန်နဝါရီတွင် ဂရီမီယိုအသင်းမှ မိုနာကိုအသင်းသို့ ပြောင်းရွှေ့ခဲ့ သူဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။ 

မိုနာကိုအသင်း၏ အမာခံကစားသမားတစ်ဦးဖြစ်လာသည့် ဗန်ဒါဆန်ကို ပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းများဖြစ်သည့် ချယ်လ်ဆီး၊ မန်ယူနှင့် စပါးအသင်းတို့က ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။ 

အဆိုပါပရီးမီးယားလိဂ်ထိပ်သီးကလပ်အသင်းများသည် ဗန်ဒါဆန်အား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ဖွင့်ချိန်တွင် ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။

Most Read

Most Recent