အိုမာဘယ်ရာဒါ ဖြေရှင်းရမယ့် မန်ယူနိုက်တက်ရဲ့စိတ်ဓာတ်အဆိပ်သင့်ခြင်း

အိုမာဘယ်ရာဒါ ဖြေရှင်းရမယ့် မန်ယူနိုက်တက်ရဲ့စိတ်ဓာတ်အဆိပ်သင့်ခြင်း
Photos: Getty Images
Photos: Getty Images
Published 3 August 2024
Chan Myae

မန်ယူနိုက်တက်ရဲ့ စီအီးအိုအသစ် အိုမာ ဘယ်ရာဒါက ခရီးရောက်မဆိုက်မှာပဲ အင်မတန် အဓိပ္ပာယ်ရှိတဲ့ စကားတစ်ခုကို ပြောခဲ့တယ်။ မန်စီးတီးနဲ့အတူ အောင်မြင်ခဲ့တဲ့ ထူးချွန် စီအီးအိုဟာ Financial Times နဲ့ အင်တာဗျူးမှာ မန်ယူနိုက်တက် ပြန်လည်တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး မှန်ကန်ထက်မြက်တဲ့အမြင်တွေကို ချပြခဲ့ပါတယ်။ အဲဒီအထဲမှာ ကျွန်တော့်အာရုံကို ဖမ်းစားလိုက်တာကတော့ ဒီစကားပဲ။ "ခင်ဗျား အနေနဲ့ ပြောင်းရွှေ့ကြေး၊ လစာ၊ ကော်မရှင်တွေမှာ ဘာဖြစ်လို့ ဒီလောက်ပမာဏ ပေးရတာလဲဆိုတဲ့ အကြောင်းပြချက်တစ်ခု ခိုင်လုံနေဖို့ လိုအပ်တယ်။ ခင်ဗျားက ပိုပေးလိုက်မိတာနဲ့ အဲဒီအခြေအနေမှာ ခင်ဗျား ရှုံးနိမ့်သွားပြီဖြစ်ပြီး နောက်လာမယ့် အခြေအနေတွေအတွက်လည်း ပိုခက်ခဲသွားမှာပါ"လို့ သူက ဆိုတယ်။ ဒါက မန်ယူနိုက်တက်ရဲ့ ကွင်းတွင်း ခြေစွမ်းကို ရိုက်ခတ်နေတဲ့ ကွင်းပြင်စီမံခန့်ခွဲမှုအတွက် အရေးပါလွန်းတဲ့ အယူအဆတစ်ခု ဖြစ်တယ်။ တော်တော်များများက‌တော့ မန်ယူနိုက်တက်က ပြောင်းရွှေ့ကြေးတွေ မတန်တဆ ပေးရတယ်လို့ အသိအမှတ်ပြုထားကြတယ်။ ဒါက ပရီးမီးယား လိဂ်အသင်းအများစု ကြုံရတဲ့ ပြဿနာဖြစ်လို့ ကိုင်တွယ်ရသိပ်မလွယ်ဘူး။ တကယ်တော့ ဒီထက် ပိုဆိုးတဲ့ ပြဿနာတစ်ခု ရှိတယ်။

 

Most Read

Most Recent