■ အမေရိကန်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် စပါးနှင့် ချယ်လ်ဆီးနည်းပြဟောင်း ပိုချက်တီနိုသဘောတူညီမှုရရှိ     

■ အမေရိကန်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် စပါးနှင့် ချယ်လ်ဆီးနည်းပြဟောင်း ပိုချက်တီနိုသဘောတူညီမှုရရှိ     
Photo: Getty Images
Photo: Getty Images
Published 16 August 2024

ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် စပါးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ နည်းပြဟောင်းဖြစ်သည့် ပိုချက်တီနိုသည် အမေရိကန်လက်ရွေးစင်အသင်းနည်းပြရာထူးအတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

    

အမေရိကန်ပရိသတ်များသည် ပြီးခဲ့သည့် ကိုပါအမေရိကပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် အသင်းအပေါ် ပြင်းထန်သည့် ဝေဖန်မှုများပြုလုပ်ခဲ့ပြီး အမေရိကန်ဘောလုံးအဖွဲ့ချုပ်သည် အသင်းနည်းပြ ဘဟယ်လ်တာကို ရာထူးမှထုတ်ပယ်ခဲ့သည်။

ယင်းနောက် ထိပ်တန်းနည်းပြများထဲမှ အစားထိုးမှုအတွက် ပြန်လည်ရှာဖွေခဲ့ပြီးနောက် ပိုချက်တီနိုနှင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်းသိရှိရသည်။

    

ပိုချက်တီနိုသည် နည်းပြဘဝကို အက်စ်ပန်ညိုအသင်းနှင့် စတင်ခဲ့ပြီးနောက် ဆောက်သမ်တန်၊ စပါး၊ PSG နှင့် နောက်ဆုံး ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ရာသီကုန်တွင် အသင်းပို်င်ရှင် အမေရိကန်သူဋ္ဌေး တော့ဒ်ဘိုလေက လမ်းခွဲရန်ဆုံးဖြတ်ခဲ့သည်။

    

ယခုအချိန်တွင် အမေရိကန်လက်ရွေးစင်အသင်းနည်းပြရာထူးကို လက်ခံခဲ့ပြီးနောက် ပိုချက်တီနိုက "အမေရိကန် ဘောလုံးလောကက အရမ်းဖွံ့ဖြိုးပြီး အားကောင်းနေပါတယ်။ အသင်းမှာ ထိပ်တန်းကစားသမားတွေ အများကြီး ရှိနေပြီး အောင်မြင်မှုတွေ ရယူသွားချင်ပါတယ်"ဟုဆိုခဲ့သည်။

Most Read

Most Recent