လေမန်း၏မှတ်ချက်ကို အော်ယာဇာဘယ်လ် တုံ့ပြန်

လေမန်း၏မှတ်ချက်ကို အော်ယာဇာဘယ်လ် တုံ့ပြန်
Photo: X
Photo: X
Published 4 July 2024

စပိန်တိုက်စစ်ကစားသမား အော်ယာဇာဘယ်လ်က ၎င်းတို့အသင်းကို ကလေးအသင်းဟု ပြောဆိုခဲ့သည့် ဂျာမနီဂိုးသမားဟောင်း လေမန်း၏မှတ်ချက်ကို တုံ့ပြန်ပြောကြားခဲ့သည်။

ဂျာမနီဂိုးသမားဟောင်း လေမန်းက စပိန်အသင်းမှာ အတွေ့အကြုံနည်းပါးသည့် ကလေးအသင်းသာဖြစ်ပြီး ဂျာမနီအသင်းကို ကျော်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် အော်ယာဇာဘယ်လ်က စပိန်အသင်းသည် ပြိုင်ဘက်အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အော်ယာဇာဘယ်လ်က '' လေမန်းရဲ့အမြင်ကို လေးစားပါတယ်။ လူတိုင်းက သူတို့ထင်မြင်ချက်ကို ပြောဆိုခွင့်ရှိပါတယ်။ ဒါပေမဲ့ သူရဲ့ မှတ်ချက်က ကျွန်တော်တို့ကို မလွှမ်းမိုးနိုင်ပါဘူး။ ကျွန်တော်တို့က အေးဆေးပါပဲ။ ကျွန်တော်တို့အနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ဘယ်အသင်းကိုမှလျှော့မတွက်ပါဘူး။ ကျွန်တော်တို့အသင်းက ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent