ဒရုန်းဖြင့် ထောက်လှမ်းရန် ကြိုးပမ်းသည့် ပြဿနာကြောင့် ကနေဒါအမျိုးသမီးအသင်း နည်းပြ ပရီးစ်မန်းအား အိုလံပစ်ပြိုင်ပွဲမှ ထုတ်ပယ်

ဒရုန်းဖြင့် ထောက်လှမ်းရန် ကြိုးပမ်းသည့် ပြဿနာကြောင့် ကနေဒါအမျိုးသမီးအသင်း နည်းပြ ပရီးစ်မန်းအား အိုလံပစ်ပြိုင်ပွဲမှ ထုတ်ပယ်
Photos: Getty Images
Photos: Getty Images
Published 27 July 2024

 

ကနေဒါအိုလံပစ်ကော်မတီ (COC) သည် ပြိုင်ဘက်အသင်း၏ လေ့ကျင့်မှုအစီအစဉ်ကို ဒရုန်းဖြင့် ထောက်လှမ်းရန် ကြိုးပမ်းသည့် ပြဿနာကြောင့် အမျိုးသမီးဘောလုံးအသင်းနည်းပြဖြစ်သူ ဘယ်ဗာလေပရီးစ်မန်းကို အိုလံပစ်ပြိုင်ပွဲမှ ထုတ်ပယ်ရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။

အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မတိုင်မီ ဇူလိုင် ၂၂ ရက်က နယူးဇီလန်အသင်း လေ့ကျင့်မှုပြုလုပ်နေစဉ် ဒရုန်းတစ်စင်းတွေ့ရှိရသဖြင့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ထံ တိုင်ကြားခဲ့သည်။ 

ပြင်သစ်ရဲတပ်ဖွဲ့သည် ကနေဒါ အိုလံပစ်အသင်း အားပေးသူအဖွဲ့ဝင်ဖြစ်သည့် ဘောလုံးလေ့လာသုံးသပ်သူ ဂျိုးဆက်လွန်ဘာဒီကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး COC က ၎င်းအပါအဝင် လက်ထောက်နည်းပြ ဂျက်စမင်မန်ဒါတို့ကို အိမ်ပြန်ပို့ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် ကနေဒါဘောလုံးအဖွဲ့ချုပ်က နည်းပြချုပ် ပရီးစ်မန်းကို အိုလံပစ်ပြိုင်ပွဲပြီးဆုံးချိန်အထိ ရာထူးမှဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ပြီးနောက် COC က ၎င်းကိုပါ ပြိုင်ပွဲမှထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ကနေဒါအခြေစိုက် TSN သတင်းဌာနကလည်း ကနေဒါအမျိုးသားနှင့် အမျိုးသမီး အသင်းများအနေဖြင့် ပြိုင်ဘက်အသင်းများ၏ တံခါးပိတ်လေ့ကျင့်မှုအစီအစဉ်ကို ဒရုန်းဖြင့် ထောက်လှမ်းမှုပြုလုပ်ခြင်းမှာ လွန်ခဲ့သည့်နှစ်များကတည်းကဖြစ်ကြောင်း ဖော်ပြ ခဲ့သည်။ 

အင်္ဂလန်အမျိုးသမီးနည်းပြဖြစ်သူ ပရီးစ်မန်းသည် ကနေဒါအမျိုးသမီးအသင်းအား ၂၀၂၀ အောက်တိုဘာမှစ၍ ကိုင်တွယ်နေခြင်းဖြစ်ပြီး ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရယူပေးနိုင်ခဲ့သည်။

Most Read

Most Recent