(၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် ၇ ခု ရရှိထား

(၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့ ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် ၇ ခု ရရှိထား
Photo: ayosemarang
Photo: ayosemarang
Published 1 July 2024

(၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဇွန် ၂၅ ရက်တွင် စတင်ကျင်းပနေပြီး ယင်းပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်နေသည့်  မြန်မာအားကစားအဖွဲ့အတွက် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် ၇ ခု ဆွတ်ခူးရယူပေးထားကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့အတွက် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် ၇ ခုကို အမျိုးသမီး ၅၂ ကီလိုတန်းတွင် ကေဇင်မိုး၊ အမျိုးသမီး ၅၆ ကီလိုတန်းတွင် နန်းချယ်ရီခမ်း၊  အမျိုးသမီး ၄၈ ကီလိုတန်းတွင် လင်းစန္ဒာဌေး၊ အမျိုးသမီး ၆၀ ကီလိုတန်းတွင် ယုနန္ဒာလင်း၊  အမျိုးသား ၅၆ ကီလိုတန်းတွင် ထက်ပိုင်ငြိမ်း၊ အမျိုးသား ၆၀ ကီလိုတန်းတွင် ဆမ်မျူရယ်ချန်၊ အမျိုးသား ၆၅ ကီလိုတန်းတွင် ညီဇေယျာမင်းတို့က ရယူပေးထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအားကစားအဖွဲ့သည် (၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဖူဆယ်၊ ပီတန်း၊ ဘော်လီဘော (ကျား၊ မ)၊ ဝူရှူး၊ မြားပစ်၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒိုနှင် ့ ကရာတေး အားကစားနည်း ၉ မျိုးတွင် အုပ်ချုပ်/နည်းပြ နှင့် ကစားသမားပေါင်း ၁၁၉ ဦး ပါဝင်ယှဉ်ပြိုင်နေကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် (၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို ဆူရာဘာယာနှင့် မာလန်းမြို့နှစ်မြို့တွင် ကျင်းပပြုလုပ်နေပြီး အားကစားနည်း ၂၁ မျိုးမှ အမျိုးအစားပေါင်း (Events) ၂၅၀ မျိုး ထည့်သွင်းထားကြောင်း သိရသည်။

(၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် ဖူဆယ်၊ ပီတန်း၊ ဘော်လီဘော၊ ရေကူး၊ တင်းနစ်၊ Sport Climbing၊ ဘက်စကတ် ဘော(၃×၃)၊ ဂျူဒို၊ ဟန်းဘော၊ ဝူရှူး၊ Bridge၊ ပြေးခုန်ပစ်၊ ဘက်စကတ်ဘော(၅×၅)၊ ကြက်တောင်၊ မြားပစ်၊ သဲသောင်ပြင်ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလတ်၊ ကရာတေး၊ စစ်တုရင်အားကစားနည်းများ ထည့်သွင်းကျင်းပနေလျက်ရှိသည်။

အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲကို အရှေ့ တောင်အာရှ ဒေသတွင်း နိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမား ၄၀၀၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်နေပြီး လာမည့်ဇူလိုင် ၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

မြန်မာအားကစားအဖွဲ့သည် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ်ပြိုင်ပွဲတွင် ရွှေ(၂)၊ ငွေ(၂)၊ ကြေး(၂) ဆု (၆) ဆု ရရှိခဲ့သည်။

Most Read

Most Recent