■ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ရန် အက်သလက်တီကိုအသင်း ရေပန်းစားနေ     

■ ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ရန် အက်သလက်တီကိုအသင်း ရေပန်းစားနေ     
Photo: Getty Images
Photo: Getty Images
Published 31 May 2024

အက်သလက်တီကိုအသင်းသည် မန်ယူအသင်း၏ အင်္ဂလန်တိုက်စစ်မှူး ဂရင်းဝုဒ်ကို ခေါ်ယူနိုင်ရန် ရေပန်းစားနေကြောင်း သိရသည်။ 

ဂရင်းဝုဒ်(၂၂ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် ဂီတာဖေးအသင်းထံ အငှားသွားရောက်ကစားကာ ခြေစွမ်းပြခဲ့သည့်အတွက် ခေါ်ယူလိုသည့်အသင်းများစွာရှိနေကြောင်း သိရသည်။ 

ဂရင်းဝုဒ်ကိုယ်တိုင်ကလည်း မန်ယူအသင်းတွင် ပြန်ကစားလိုခြင်းမရှိတော့ဘဲ အသင်းပြောင်းရွှေ့လိုနေကြောင်း သိရသည်။ 

ယခုအခါ ပေါင်သန်း(၄၀)ဝန်းကျင်ဖြင့် ခေါ်ယူနိုင်မည့် ဂရင်းဝုဒ်ကို အက်သလက်တီကိုအသင်းက ခေါ်ယူနိုင်ရန် အလားအလာအများဆုံးဖြစ်နေကြောင်း နီးစပ်သူများက သုံးသပ်ခဲ့ကြသည်။

Most Read

Most Recent