■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၃) ပွဲကြိုသုံးသပ်ချက် 
Published 10 May 2024

လိုက်ပ်ဇစ် - ၀ါဒါဘရီမင် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်းက အမှတ်လိုတော့တဲ့ အခြေအနေပါ။ ၀ါဒါဘရီမင်ကတော့ ရလဒ်ပိုင်းမဆိုးဘူးလို့ ပြောရမှာဖြစ်ပြီး ဥရောပဝင်ခွင့်အတွက်လည်း မျှော်လင့်လို့ရနိုင်သေးတယ်။ ၀ါဒါဘရီမင် ဂိုးပြတ်မရှုံးလောက်ဘူး။



ဖရိုင်းဘတ် - ဟိုင်းဟိုင် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၀၀ နာရီ)

တစ်ချိန်က အိမ်ကွင်းမာကျောတဲ့ ဖရိုင်းဘတ်က အိမ်ကွင်း(၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတယ်။ ဒီတစ်ပွဲတော့ ဖရိုင်းဘတ် နိုင်ပွဲပြန်ရမယ်ထင်တယ်။



မိုချန်ဂလာဘတ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်းက တန်းဆင်းဇုန်အန္တရာယ်နဲ့ ဝေးအောင်ပြေးဖို့လိုပြီး ဖရန့်ဖတ်ကလည်း ယူရိုပါလိဂ်သေချာအောင် အမှတ်လိုနေတယ်။ သရေကျဖို့များတယ်။



ကိုလုံး - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၈:၀၀ နာရီ)

ကိုလုံးအသင်း ဒီပွဲအနိုင်မရရင် တန်းဆင်းသွားမှာ သေချာ သလောက်ပါပဲ။ အူန်ယွန်းဘာလင်လည်း နိုင်ပွဲလိုနေပေမဲ့ အိမ်ရှင် အမှတ်ရလိမ့်မယ်။



မိန့်ဇ် - ဒေါ့မွန် (မြန်မာစံတော်ချိန် မေလ ၁၁ ရက် ည ၁၁:၀၀ နာရီ)

ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်ထားတဲ့ ဒေါ့မွန်အသင်းက စိတ်ဓာတ်ရေးရာအရတော့ အမြင့်ဆုံးရောက်နေနိုင်တာ ယုံမှားသံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ ဒေါ့မွန်အနေနဲ့ ဒီပွဲအရေးနိမ့်ရင်လည်း နောက်ဆုံးပွဲက တန်းဆင်းထားတဲ့ ဒမ်းစတက်ဒ်နဲ့ဖြစ်နေလို့ ဖိအားမရှိတာ ထည့်တွက်ရမယ်။ မိန့်ဇ်ကွင်းမှာ နောက်ဆုံးတွေ့ဆုံမှုတွေမှာတော့ ဒေါ့မွန်ကပဲ အပြတ်အသတ် အသာစီးရထားပြီး (၆)နှစ်ဆက်တိုက် အနိုင်ကစားထားတယ်။  မိန့်ဇ်ကတော့ တန်းမဆင်းရရေး Play-off မကစားရဖို့ ဒီပွဲကို မဖြစ်မနေအနိုင်ကစားထားဖို့ လိုအပ်တယ်။ မိန့်ဇ်နဲ့ပဲ စွန့်စား တာပိုကောင်းမယ်။

Most Read

Most Recent