ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 5 May 2024

ချယ်လ်ဆီး - ဝက်စ်ဟမ်း (တနင်္ဂနွေည ရး၃၀ နာရီ)

ဝက်စ်ဟမ်းနဲ့ ချယ်လ်ဆီးတို့က ယူရိုပါလိဂ်၊ ကွန်းဖရန့်လိဂ်တွေအတွက် ကစားနေရ တုန်းပါ။ နှစ်သင်းစလုံးက ရလဒ်တွေ ထင်သလောက်မကောင်းလို့ အမှတ်မလိုရင်တောင် နိုင်ပွဲလိုနေတဲ့အသင်းတွေဖြစ်တယ်။ ဝက်စ်ဟမ်းက လီဗာပူးလ်ကို သရေမကစားခင် ဖူလ် ဟမ်၊ ပဲလေ့စ်တို့ကို ဂိုးပြတ်ရှုံးခဲ့သေးတယ်။ ချယ်လ်ဆီးသာ ပုံမှန်ခြေစွမ်းပြနိုင်ရင် နိုင်ပွဲ ယူ သွားနိုင်ပါတယ်။ 

ဘရိုက်တန် - အက်စတွန်ဗီလာ (တနင်္ဂနွေည ရး၃၀ နာရီ)

ဘရိုက်တန်က အမှတ်မလိုတဲ့ အသင်းဖြစ်ပြီး ရလဒ်တွေကလည်း တော်တော်လေး ဆိုးတယ်။ အရမ်းဆိုးလာတော့ ဖိအားမရှိဘူးဆိုတဲ့ ဒီဇယ်ဘီတောင် ဖိအား ပြန်ဝင်လာတယ်။ ရလဒ်ဆိုးလို့၊ တန်းဆင်းလို့ မဟုတ်ပဲ အသင်းရလဒ်တွေက အသင်းပရိသတ်တွေကို စိတ် ပျက်စေတာမျိုးဖြစ်တယ်။ ဒီပွဲမှာတော့ ဗီလာကို ဘရိုက်တန် အာရုံစိုက်ကစားလိမ့်မယ်။ မထင်မှတ်ပဲသရေကျသွားနိုင်တယ်။ 

လီဗာပူးလ် - စပါး (တနင်္ဂနွေည ၁၀း၀၀ နာရီ)

လီဗာပူးလ်အတွက် ချန်ပီယံမျှော်လင့်ချက် ပါးပါး ငွေ့ငွေ့လေးသာ ကျန်တော့တယ်။ အဆင့် ၃ ဖြစ်နိုင်ခြေ ၉၀ ရာခိုင်နှုန်း၊ အဆင့် ၁၊ ၂ ဖြစ်နိုင်ခြေ ၁၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်။ စပါးအတွက်ကတော့ ဒီပွဲမှာ နိုင်ရင် အဆင့် ၄ နေရာအတွက်  မျှော်လင့်ချက် နည်းနည်း ရှိသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဗီလာက အာဆင်နယ်၊ မန်စီးတီးတို့လို ပွဲတိုင်းကို သေချာပေါက် နိုင်မယ်လို့ ပြောလို့မရတာကြောင့်ဖြစ်တယ်။ လီဗာပူးလ်အသင်းမှာ အသင်းတွင်း အဝတ်လဲခန်းပြိုလဲမှုဆန်ဆန်တွေလည်း မြင်နေရတယ်။ စိတ်ပိုင်းဆိုင်ရာကတော့ တော်တော်လေး ကျဆင်းသွားပြီ။ ခက်တာက စပါးကိုယ်တိုင်ကလည်း ရလဒ်တွေ ကျ ဆင်းနေခြင်းဖြစ်တယ်။ ဒီပွဲက အမှန်ဆိုရင် တော်တော်လေး စိတ်ဝင်စားစရာပွဲဖြစ်နေရမယ့်အစား ဆွဲဆောင်မှု တော်တော်လေး ကျဆင်းသွားတယ်။ လီဗာပူးလ် နိုင်သွားဖို့ များတယ်။ 

 

Most Read

Most Recent