ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ၏ ကစားသမားအရေအတွက်ကိုတိုးမြှင့်သွားရန် UEFA စဉ်းစားနေ

ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ၏ ကစားသမားအရေအတွက်ကိုတိုးမြှင့်သွားရန် UEFA စဉ်းစားနေ
Photo: Getty Images
Photo: Getty Images
Published 10 April 2024

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အ သင်းများ၏ကစားသမားစာရင်းကို ၂၆ ဦး အထိ တိုးမြှင့်သွားရန် စဉ်းစားနေကြောင်း  သိရသည်။ 

    

UEFA သည် ယူရို-၂၀၂၄ ပြိုင်ပွဲ ယှဉ် ပြိုင်ခွင့်ရထားသည့် နိုင်ငံလက်ရွေးစင်အသင်း နည်းပြများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဧပြီလ ၈ ရက်က ဒစ်ဆယ်ဒေါ့ဖ်မြို့တွင် ပြုလုပ်ပြီး နောက် ယင်းကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ UEFA သည် နည်းပြများ၏ အမျိုး မျိုးအကြံပြုချက်များနှင့် အမြင်များကို မှတ် သားထားပြီး အပြီးသတ်ဆုံးဖြတ်ချက်ကို လာ မည့်ရက်သတ္တများအတွင်း ချမှတ်သွားမည် ဖြစ်ကြောင်း ရေးသားခဲ့သည်။ နိုင်ငံတကာ မေဂျာပြိုင်ပွဲများတွင် ကစားသမားအရေအ တွက်ကို ပုံမှန်အားဖြင့် တစ်သင်းလျှင် ၂၃ ဦး စီသာ ခွင့်ပြုထားပြီး ပြီးခဲ့သည့်  COVID-19 ကပ်ရောဂါကြောင့် တစ်နှစ်ရွှေ့ဆိုင်းခဲ့ကာ ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သော ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အထူးခွင့်ပြုချက်ဖြင့် သုံးဦး တိုး မြှင့်ကာ ၂၆ ဦးအထိ စာရင်းသွင်းခွင့် ပေးခဲ့ ခြင်းဖြစ်သည်။ အင်္ဂလန်အသင်းနည်းပြဖြစ် သူ ဆောက်ဂိတ်သည် မူလက ၂၃ ဦးလူစာ ရင်းကို ထောက်ခံအားပေးခဲ့သော်လည်း ယခု ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ကာလ ကြာရှည် ဒဏ်ရာပြဿနာများနှင့် ချန်ပီယံ လုပွဲ အရှိန်အမြင့်ဆုံး ရောက်နေသောကြောင့် ၂၆ ဦးအထိ ခွင့်ပြုရန် လတ်တလောတောင်း ဆိုထားခဲ့သည်။ အင်္ဂလန်အသင်းသည် ယူရို ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲ နှစ်ပွဲကစားရန် စီစဉ် ထားပြီး ဘော့စနီးယား၊ အိုက်စလန်အသင်း များနှင့် ကစားမည်ဖြစ်သည်။ ယူရိုပြိုင်ပွဲဝင် အသင်းများသည် ဇွန်လ ၇ ရက် နောက်ဆုံး လူစာရင်း ပေးပို့ရမည်ဖြစ်သည်။ 

    

ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စုများအဖြစ် အုပ်စု(A) တွင် ဂျာမနီ၊ စကော့တလန်၊ ဟန် ဂေရီနှင့် ဆွစ်ဇာလန်၊ အုပ်စု (B) တွင် စပိန်၊ ခရိုအေးရှား၊ အီတလီနှင့် အယ်လ်ဘေးနီး ယား၊ အုပ်စု (C) တွင် ဆလိုဗေးနီးယား၊ ဒိန်း မတ်၊ ဆားဘီးယားနှင့် အင်္ဂလန်၊ အုပ်စု (D) တွင် ပိုလန်၊ နယ်သာလန်၊ သြစတြီးယားနှင့် ပြင်သစ်၊ အုပ်စု (E) တွင် ဘယ်လ်ဂျီယံ၊ ဆလို ဗက်ကီးယား၊ ရိုမေးနီးယားနှင့် ယူကရိန်း၊ အုပ်စု (F) တွင် တူရကီ၊ ဂျော်ဂျီယာ၊ ပေါ်တူဂီ နှင့် ချက်အသင်းများ အတူကျရောက်လျက် ရှိသည်။ ပြိုင်ပွဲကို အိမ်ရှင် ဂျာမနီက မြို့ကြီး ၁၀ မြို့ရှိ ကွင်း ၁၀ ကွင်းတွင် ပြုလုပ်မည်ဖြစ် ပြီး ဇွန်လ ၁၄ ရက်မှ ဇူလိုင်လ ၁၄ ရက်အထိ တစ်လကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိ ရသည်။

Most Read

Most Recent