လာမည့်(၅)နှစ်အတွင်း ဆုဖလားများရယူရန် ပစ်မှတ်ထားဟု နယူးကာဆယ်အမှုဆောင်ချုပ် ဆို

လာမည့်(၅)နှစ်အတွင်း ဆုဖလားများရယူရန် ပစ်မှတ်ထားဟု နယူးကာဆယ်အမှုဆောင်ချုပ် ဆို
Photo: X
Photo: X
Published 25 March 2024

နယူးကာဆယ်အသင်း၏ အမှုဆောင်ချုပ်ဖြစ်သူ ဒါရင်းအေးစ်က လာမည့်(၅)နှစ်အတွင်း ဆုဖလားများရယူရန် ပစ်မှတ်ထားနေသည်ဟု ပြောကြားခဲ့သည်။

နယူးကာဆယ်အသင်းသည် ဆော်ဒီစော်ဘွားများ၏ ပိုင်ဆိုင်မှုအောက်သို့ ရောက်ရှိပြီးနောက် တိုးတက်မှုများစွာရှိလာခဲ့သည်။

သို့သော် ဆုဖလားအောင်ပွဲများ ရယူနိုင်ရန် ရေရှည်စီမံကိန်းချမှတ်၍ ကြိုးပမ်းသွားလျက်ရှိကြောင်း ဒါရင်းအေးစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ''ကျွန်တော်တို့ Big Six အသင်းတွေရဲ့နောက် အဝေးကြီးမှာ ရှိနေတုန်းပါပဲ။ ဒီရာသီမှာ ထိပ်ဆုံး(၆)သင်းစာရင်းဝင်ရင်ပဲ ကျေနပ်စရာပါ။ ဒါပေမဲ့ လာမယ့်(၅)နှစ်အတွင်း ဆုဖလားတွေ ရယူသွားနိုင်အောင် ရည်ရွယ်ကြိုးစားနေပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent