ချန်ပီယံလိဂ်ကစားထားရသည့် ၎င်းတို့အား စနေနေ့တွင် FA ဖလား ကစားစေခဲ့ပြီး ကိုဗင်ထရီ - မန်ယူပွဲကို တနင်္ဂနွေနေ့တွင် ကစားစေခြင်းအတွက် ဂွါဒီယိုလာ ဝေဖန်

ချန်ပီယံလိဂ်ကစားထားရသည့် ၎င်းတို့အား စနေနေ့တွင် FA ဖလား ကစားစေခဲ့ပြီး ကိုဗင်ထရီ - မန်ယူပွဲကို တနင်္ဂနွေနေ့တွင် ကစားစေခြင်းအတွက် ဂွါဒီယိုလာ ဝေဖန်
Photo : Getty Images
Photo : Getty Images
Published 22 April 2024

မန်စီးတီးအသင်း၏နည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကစားထားရသည့် ၎င်းတို့အား စနေနေ့တွင် FA ဖလားဆီမီးဖိုင်နယ်ကစားစေခဲ့ပြီး ကိုဗင်ထရီ - မန်ယူပွဲကို တနင်္ဂနွေနေ့တွင် ကစားစေခဲ့ခြင်းအတွက် တာဝန်ရှိသူများကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

မန်စီးတီးအသင်းသည် ဧပြီ(၁၇)တွင် ရီးယဲလ်အသင်းနှင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ဧပြီ(၂၀)တွင် ချယ်လ်ဆီးအသင်းနှင့် FA ဖလားဆီ မီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်သည်။

မန်ယူနှင့် ကိုဗင်ထရီအသင်းတို့မှာ ဥရောပပွဲ ယှဉ်ပြိုင်ကစားရခြင်းမရှိသော်လည်း ၎င်းတို့၏ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားစေခဲ့ခြင်းအတွက် ဂွါဒီယိုလာက လက်ခံနိုင်ဖွယ်မရှိသည့် ပွဲစဉ်ရေးဆွဲမှုဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

"ဒီနေ့ (စနေနေ့)မှာ ကျွန်တော်တို့ကို ယှဉ်ပြိုင်ကစားစေတာ လက်မခံနိုင်အောင်ပါပဲ။ ကစားသမားတွေရဲ့ ကျန်းမာရေးအတွက် ဒါဟာ မဖြစ်နိုင်ပါဘူး။ ဒါဟာ ပုံမှန်မဟုတ်ပါဘူး။ FA ဖလားဟာ ဒီနိုင်ငံရဲ့ ထူးခြားတဲ့အရာဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကစားသမားတွေရဲ့ ကျန်းမာရေးအတွက်ပါ။ ကျွန်တော့်ကစားသမားတွေကို ကျွန်တော် ကာကွယ်ပေးချင်ရုံပါပဲ။ အထူးအခွင့်အရေး တောင်းဆိုတာ မဟုတ်ပါဘူး"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။ 

Most Read

Most Recent