အီတလီစီးရီးအေပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၃၅) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 5 May 2024

ကာဂလီယာရီ - လက်ချီ (တနင်္ဂနွေညနေ ၅း၀၀ နာရီ)

ခြေစွမ်းကွာဟမှုမရှိတဲ့ (၂)သင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲ ဖြစ်ပြီး ကာဂလီယာရီကတော့ ပွဲကျပ်တွေ ကစားခဲ့ရတယ်။ လက်ချီက အဝေးကွင်းကစားပုံမဆိုးပေမဲ့ ကာဂလီယာရီ ရလဒ် ကောင်းဖို့များတယ်။

အမ်ပိုလီ - ဖရိုဆီနိုနီ (တနင်္ဂနွေည ရး၃၀ နာရီ)

တန်းဆင်းဇုန်တိုက်ပွဲဖြစ်ပြီး အမ်ပိုလီက စီးရီးအေအိမ် ကွင်း နောက်ဆုံး (၂)ပွဲဆက် အနိုင်ရခဲ့တယ်။ ဖရိုဆီနိုနီကလည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်ပိုင်းတက်လာတယ်။ ဖရိုဆီနိုနီ သ ရေနဲ့ အနိုင်ပဲ။

ဗီရိုနာ - ဖီအိုရင်တီးနား (တနင်္ဂနွေည ရး၃၀ နာရီ)

ဗီရိုနာက တန်းဆင်းအန္တရာယ်ရှိသေးတယ်။ ဒါပေမဲ့ သူတို့ ရဲ့ အိမ်ကွင်းကစားပုံက အရမ်းဆိုးရွားနေတာတော့ မဟုတ်ပါ ဘူး။ ဖီအိုရင်တီးနားက ဥရောပပြိုင်ပွဲကစားနေရတာကြောင့် ပွဲ ပန်းနေနိုင်တယ်။ ဗီရိုနာကို ကြိုက်တယ်။

အေစီမီလန် - ဂျီနိုအာ  (တနင်္ဂနွေည ၁၀း၃၀ နာရီ)

အေစီမီလန်က အဆင့်(၂)နေရာ ရယူနိုင်ဖို့ကိုပဲ ကြိုးစား ရတော့မှာဖြစ်ပေမဲ့ စီးရီးအေနောက်ဆုံး (၃)ပွဲဆက် နိုင်ပွဲပျောက် ခဲ့တယ်။ ဒါပေမဲ့ ရာဖေးလီယာအို၊ ဂျရူး၊ ပူလီဆစ်တို့က ပွဲအဖြေကို  ပြောင်းလဲနိုင်သူတွေလို့ ဆိုနိုင်ပါတယ်။ ဂျီနိုအာက ရမှတ်လိုအပ် ချက်မရှိတော့တဲ့အသင်းပါ။ ဒါ့အပြင် အေစီမီလန်နဲ့တွေ့ဆုံတဲ့ နောက်ဆုံး (၅)ပွဲဆက်လည်း ရှုံးနိမ့်ခဲ့တယ်။ အေစီမီလန် (၂-ဝ) ဂိုးလောက်နဲ့ နိုင်မယ်။

ရိုးမား - ဂျူဗင်တပ်စ် (တနင်္လာနံနက် ၁း၁၅ နာရီ)

ဒီအချိန်မှာ ရိုးမားက ပြည်တွင်းပြိုင်ပွဲထက် ပြည်ပပြိုင်ပွဲကို ပိုအာရုံစိုက်နေတယ်။ လေဗာကူဆင်နဲ့ယူရိုပါလိဂ်အရေးကြီး ပွဲကစားထားရတာကြောင့် ရိုးမားအသင်းပွဲပန်းနေနိုင်တယ်။ ဂျူဗင်တပ်စ်ကလည်း ရာသီအစကလိုမဟုတ်တော့ဘူး။ အမှတ် လေလွင့်မှုတွေများနေပြီး စီးရီးအေနောက်ဆုံး (၆)ပွဲမှာ (၄)ပွဲအထိဂိုးပေါက်ပျောက်ဆုံးခဲ့တယ်။ ကြယ်ပွင့်တိုက်စစ်မှူး ဗလာဟို ဗစ်ကိုယ်တိုင် ရုန်းကန်နေရပြီး မီလစ်ခ်ကလည်း ထင်သလောက်အားမကိုးရသေးဘူး။ (၂)သင်းပေါင်းသွင်းဂိုးနည်းနိုင်ပြီး သရေ ကျဖို့များတဲ့ပွဲမျိုးပါပဲ။

Most Read

Most Recent