■ ဆလော့စ်သည် ဒတ်ချ်နည်းပြများထဲမှ အကောင်းဆုံးတစ်ဦးဟု ဗန်ဒိုက် ဆို     

■ ဆလော့စ်သည် ဒတ်ချ်နည်းပြများထဲမှ အကောင်းဆုံးတစ်ဦးဟု ဗန်ဒိုက် ဆို     
Photo: Getty Images
Photo: Getty Images
Published 26 April 2024

လီဗာပူးလ်အသင်းမှ ဒတ်ချ်နောက်ခံလူ ဗန်ဒိုက်က လီဗာပူးလ်နည်းပြဖြစ်လာရန် ရေပန်းစားနေသော ဖီယင်နုနည်းပြ အာနီဆလော့သည် ဒတ်ချ်နည်းပြများထဲမှ အကောင်းဆုံးတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။ 

လီဗာပူးလ်အသင်းသည် ယခုရာသီကုန်တွင် အသင်းမှ ထွက်ခွာမည့် နည်းပြ ယာဂန်ကလော့ပ်နေရာတွင် အစားထိုးရန်အတွက် နည်းပြသစ်တစ်ဦး အပူတပြင်း ရှာဖွေလျက်ရှိသည်။ 

လီဗာပူးလ်အသင်းသည် ကလော့ပ်၏နေရာတွင် အစားထိုးရန်အတွက် လေဗာကူဆင်နည်းပြ အလွန်ဆို၊ စပို့တင်းလစ္စဘွန်းနည်းပြ အမော်ရင်မ်တို့ကို ချိတ်ဆက်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။ 

ထို့ကြောင့် လီဗာပူးလ်အသင်းသည် ဖီယင်နုနည်းပြ အာနီဆလော့စ်ကို ပစ်မှတ်ထားလာပြီး ယခုအခါ ၎င်းကို ခေါ်ယူရန် ဖီယင်နုအသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ 

ဆလော့စ်အနေဖြင့် လီဗာပူးလ်အသင်းတွင် အောင်မြင်မှုရရှိနိုင်မည်လားဟု မေးမြန်းမှုကို ဗန်ဒိုက်က "ဒီမေးခွန်းကို ဖြေဖို့ ခက်ပါတယ်။ ဒါပေမဲ့ ဆလော့ဟာ လက်ရှိအချိန်မှာ ဒတ်ချ်နည်းပြတွေထဲက အကောင်းဆုံးတစ်ယောက်ပါ။ သူ လီဗာပူးလ်အသင်းကို ကောင်း ကောင်း ကိုင်တွယ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent