■ ယူရို-၂၀၂၄ တွင် ချန်ပီယံဖြစ်နိုင်သည့် အသင်း(၃)သင်းကို မော်ရင်ဟို ရွေးချယ်

■ ယူရို-၂၀၂၄ တွင် ချန်ပီယံဖြစ်နိုင်သည့် အသင်း(၃)သင်းကို မော်ရင်ဟို ရွေးချယ်
Photo: Getty Images
Photo: Getty Images
Published 3 May 2024

နာမည်ကျော် ပေါ်တူဂီနည်းပြ မော်ရင်ဟိုသည် လာမည့် ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ချန်ပီယံဖြစ်နိုင်သည့် အသင်း(၃)သင်းကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ 

မော်ရင်ဟို ရွေးချယ်ခဲ့သည့်အသင်း(၃)သင်းမှာ ပေါ်တူဂီ၊ ပြင်သစ်နှင့် အင်္ဂလန်တို့ဖြစ်ကြောင်း သိရသည်။

မော်ရင်ဟိုသည် ရိုးမားအသင်း၏ နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲ၏ ချန်ပီယံအလားအလာနှင့်ပတ်သက်၍ Daily Mail ၏ မေးမြန်းမှုကို ၎င်းက "ကျွန်တော်ကတော့ အတောင့်တင်းဆုံးအသင်း(၃)သင်းဖြစ်တဲ့ ပေါ်တူဂီ၊ ပြင်သစ်နဲ့ အင်္ဂလန်တို့ထဲက တစ်သင်းသင်း ဗိုလ်စွဲလိမ့်မယ်လို့ ထင်ပါတယ်"ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။ 

ယူရို-၂၀၂၄ ပြိုင်ပွဲကို လာမည့်ဇွန်လတွင် ဂျာမနီနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အလေးပေးမှုများအရ အင်္ဂလန်က ရေပန်းအစားဆုံး၊ ပြင်သစ်က ဒုတိယရေပန်းအစားဆုံး၊ ဂျာမနီက တတိယရေပန်းအစားဆုံး၊ ပေါ်တူဂီက စတုတ္ထရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။ 

မော်ရင်ဟိုက ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းခံခဲ့ရသည့် နှစ်ကြိမ်စလုံးကို ငြင်းဆန်ခဲ့ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

Most Read

Most Recent