■ လာလီဂါပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက် 

■ လာလီဂါပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 3 May 2024

ဆိုစီဒက် - လက်စ်ပါမားစ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၆:၃၀ နာရီ)

ဥရောပဝင်ခွင့်အတွက် ဆိုစီဒက် အမှတ်ရှာရဦးမယ်။ ပန်းအဝင်ပိုင်းမှာ ခြေစွမ်းကျသွားပြီး ခံစစ်ကစားပုံပါ ပျက်သွားတဲ့ လက်စ်ပါမားစ်ကြောင့် အိမ်ရှင်ဆိုစီဒက်အတွက် အခက်အခဲမရှိလောက်ဘူး ထင်တယ်။ ဆိုစီဒက်နဲ့ ဂိုးအများပဲ ကြိုက်တယ်။



ရီးယဲလ်မက်ဒရစ် - ကာဒစ်ဇ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၉:၄၅ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်ကြောင့် ဒီပွဲကို လူစုံထုတ်ဦးမယ်မထင်ဘူး။ အိမ်ကွင်းမှာ အေးအေးဆေးဆေးပဲ ကာဒစ်ဇ်ကိုရင်ဆိုင်သွားဖို့ရှိနေတယ်။ ကာဒစ်ဇ်ကလည်း တန်းမဆင်းရရေး ရုန်းနေသလောက် အရာသိပ်မထင်သလိုပါပဲ။ နောက်ဆုံး (၃)ပွဲစလုံး နိုင်ပွဲပျောက်နေပြီး နောက်ဆုံးကစားထားတဲ့ အဝေးကွင်းပွဲမှာလည်း ဂျီရိုနာကိုတောင် ဂိုးပြတ်အရေးနိမ့်ထားတယ်။ ဒီလိုအဝေးကွင်းခြေစွမ်းနဲ့တော့ ပုံမှန်အရဆို ချန်ပီယံဖြစ်ဖို့ တာဆူနေတဲ့ ရီးယဲလ်မက်ဒရစ်ကို ထိန်းနို်င်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီပွဲမတိုင်မီ ဂျာမန်မြေမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲကို ရေကုန်ရေခန်းနွှဲထားရသလို၊ ဒီပွဲအပြီးမှာလည်း ဗိုလ်လုပွဲတက်ရောက်ဖို့ အားကုန်ထုတ်ကစားရဦးမယ့် ရီးယဲလ်ရဲ့အခြေအနေအရ ကာဒစ်ဇ်အတွက် မျှော်လင့်နိုင်စရာလိုဖြစ်နေတယ်။ ရီးယဲလ်မက်ဒရစ် ဂိုးအနည်းနဲ့ပဲ ကပ်နိုင်သွားနိုင်တဲ့ပွဲမျိုးပါပဲ။



ဂျီရိုနာ - ဘာစီလိုနာ (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၁၁:၀၀ နာရီ)

ဘာစီလိုနာအတွက် ပထမအကျော့အိမ်ကွင်းရှုံးပွဲရယ်၊ ဒုတိယနေရာတည်မြဲဖို့ရယ်ကြောင့် ဒီပွဲကိုအနိုင်ပြန်ကစားဖို့ ကြိုးစားလာနိုင်တယ်။ ဒါပေမဲ့ လတ်တလော ဘာစီလိုနာရဲ့ ခံစစ်ပိုင်းပြန်လျော့လာနေတာကတော့ အိမ်ရှင်ဂျီရိုနာရဲ့ တိုက်စစ်ကို ခက်ခက်ခဲခဲတောင့်ခံကစားပြရဖို့တော့ ရှိလိမ့်မယ်။ ဂျီရိုနာကလည်း အိမ်ကွင်းမှာ ကောင်းကောင်းကစားပြနေနိုင်တုန်းပဲ။ အိမ်ကွင်းနောက်ဆုံး (၂)ပွဲမှာ ခံစစ်မာပါတယ်ဆိုတဲ့ ကာဒစ်ဇ်နဲ့ ဘက်တစ်လိုအသင်းတွေကို (၂)သင်းပေါင်း (၇)ဂိုးအထိရအောင် ကစားပြထားတာကိုကြည့်ရင် ဂျီရိုနာရဲ့အိမ်ကွင်းတိုက်စစ်က အားကောင်းနေဆဲဆိုတာမြင်နေရတယ်။ ဒါကြောင့် ဒီပွဲမှာလည်း ဘာစီလိုနာခံစစ်ကို ဂျီရိုနာတိုက်စစ် ကောင်းကောင်းဒုက္ခပေးဦးမှာ သေချာတယ်။  ဂျီရိုနာနဲ့ ဂိုးအများပဲ ရွေးထားရမလို ဖြစ်နေတယ်။



မာယော့ကာ - အက်သလက်တီကို (မြန်မာစံတော်ချိန် မေလ ၅ ရက် နံနက် ၁:၃၀ နာရီ)

အက်သလက်တီကိုကလည်း အဆင့် (၄)နေရာ သေချာအောင် အမှတ်ရှာရဦးမယ်။ ဒါပေမဲ့ ဒီရာသီ အက်သလက်တီကိုရဲ့ အဝေးကွင်းအားနည်းမှုက မာယော့ကာလို အိမ်ကွင်းမာတဲ့ အသင်းကို ခက်ခက်ခဲခဲရင်ဆိုင်ကျော်ဖြတ်ရမှာတော့ သေချာတယ်။ မာယော့ကာကွင်းမှာ နောက်ဆုံး ဆုံခဲ့တဲ့ (၂)ပွဲစလုံးအရေးနိမ့်ထားတဲ့အပြင် လက်ရှိ အက်သလက်တီကိုရဲ့အဝေးကွင်း ခြေကျနေမှုနဲ့တော့ မာယော့ကာကိုနိုင်ဖို့ထက် သရေကစားနိုင်ရင်တောင် ကံကောင်းတယ် ပြောရမယ်။ ဂိုးနည်းမယ်။

 

Most Read

Most Recent