တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ပြင်သစ်အသင်း၏ လေ့ကျင့်မှုအစီအစဉ်ကို အသင်းခေါင်းဆောင် အမ်ဘာပေ လွဲချော်

တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ပြင်သစ်အသင်း၏ လေ့ကျင့်မှုအစီအစဉ်ကို အသင်းခေါင်းဆောင် အမ်ဘာပေ လွဲချော်
Photo: AFP
Photo: AFP
Published 15 June 2024

 

ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေသည် တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ပြင်သစ်အသင်း၏ လေ့ကျင့်မှုအစီအစဉ်ကို လွဲချော်ခဲ့ကြောင်း သိရသည်။

ပြင်သစ်အသင်းသည် ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ပြင်ဆင်မှုအဖြစ် ဂျာမနီနိုင်ငံ၊ ပါဒါဘွန်းမြို့၌ လေ့ကျင့်လျက်ရှိပြီး ဇွန် ၁၃ ရက်ကပြုလုပ်သည့် လေ့ကျင့်မှုအစီအစဉ်ကို အသင်းခေါင်းဆောင် အမ်ဘာပေနှင့်အတူ တောင်ပံကစားသမား ကိုးမန်းလည်း လွဲချော် ခဲ့သည်။ 

ပြင်သစ်အသင်းသည် ဇွန် ၁၂ ရက် တွင် လေ့ကျင့်မှုပြုလုပ်မည့်နေရာသို့ ရောက်ရှိလာပြီး ကစားသမားအများစုမှာ တုပ်ကွေးရောဂါလက္ခဏာများ ခံစားနေရကာ အဓိက ကစားသမားတစ်ဦးဖြစ်သူ ဒမ်ဘီလီမှာလည်း အလားတူကြုံတွေ့နေရကြောင်း သိရသည်။

"ကျွန်တော့်အတွက်ပြောရရင် ကျွန်တော်ကတော့ ပိုကောင်းနေတယ်။ ကျွန်တော်လည်း ပြီးခဲ့တဲ့တစ်ပတ်က တုပ်ကွေးဖြစ်ခဲ့တယ်။ ကျွန်တော်က ပထမဆုံးဖြစ်ခဲ့ပေမဲ့ အခုတော့ ပိုကောင်းလာပြီလို့ ခံစားရတယ်။ အသင်းကလည်း အများကြီး ပိုကောင်းလာပါ တယ်။ နှစ်ရက်အတွင်း အားလုံးအဆင်ပြေသွားကြမှာပါ" ဟု ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။

Most Read

Most Recent