VAR အသုံးမပြုလျှင် ဖြစ်နိုင်ခြေရှိသည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ထုတ်ပြန်ခဲ့ပြီး မန်စီးတီးအသင်းပင် ဇယားထိပ်ဆုံး၌ရှိနေ

VAR အသုံးမပြုလျှင် ဖြစ်နိုင်ခြေရှိသည့် ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ထုတ်ပြန်ခဲ့ပြီး မန်စီးတီးအသင်းပင် ဇယားထိပ်ဆုံး၌ရှိနေ
Photo: Getty Images
Photo: Getty Images
Published 22 May 2024

 

၂၀၂၃-၂၄ ပရီးမီးယားလိဂ်ပြိုင်ပွဲရာသီ တွင် VAR စနစ် အသုံးမပြုလျှင် ဖြစ်နိုင်ခြေရှိသည့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို Daily Mail က ထုတ်ပြန်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့သည့် မန်စီးတီးအသင်းပင် ဇယားထိပ်ဆုံး၌ ရှိနေကြောင်း သိရသည်။

Daily Mail က ရာသီကုန် အမှတ်ပေးဇယား ရပ်တည်မှုအလိုက် VAR မရှိလျှင် အမှတ်အတိုးအလျှော့ ပြုလုပ်ခဲ့ပြီး ဇယားကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပရီးမီးယားလိဂ် လေးနှစ်ဆက် ချန်ပီယံဖြစ်ခဲ့သည့် မန်စီးတီးအသင်းက လက်ရှိအတိုင်း ရမှတ် ၉၁ မှတ်ဖြင့် VAR သက်ရောက်မှုမရှိကြောင်း ဖော်ပြခဲ့သည်။ 

ယင်းနောက်တွင် အာဆင်နယ်က ၉၀ မှတ်(+၁)၊ လီဗာပူးလ်က ၈၁ မှတ်(-၁)၊ အက် စတွန်ဗီလာက ၇၂ မှတ်(+၄)၊ စပါးက ၆၈ မှတ်(+၂)၊ နယူးကာဆယ်က ၆၁ မှတ် (+၁)၊ ချယ်လ်ဆီးက ၆၁ မှတ်(-၂)၊ မန်ယူက ၆၁ မှတ်(+၁)၊ ဝက်စ်ဟမ်းက ၅၅ မှတ်(+၃)၊ ဘ ရိုက်တန်က ၅၃ မှတ်(+၅)၊ ခရစ္စတယ်ပဲလေ့စ် က ၅၁ မှတ်(+၂)၊ ဘုန်းမောက်က ၅၁ မှတ် (+၃)၊ ဝုလ်ဗ်က ၄၉ မှတ်(+၃)၊ ဖူလ်ဟမ်က ၄၄ မှတ်(-၃)၊ ဘရန့်ဖို့ဒ်က ၃၉ မှတ်၊ အဲဗာ တန်က ၃၇ မှတ်(-၃)၊ နော်တင်ဟမ်က ၂၉ မှတ်(-၃)၊  လူတန်က ၂၉ မှတ်(+၃)၊ ဘန်လေ က ၂၂ မှတ်(-၂)၊ ရှက်ဖီးယူနိုက်တက်က ၁၆ မှတ်ဖြင့် အသီးသီးရှိနေသည်။ 

ထို့ကြောင့် ယခုရာသီအတွင်း VAR ကြောင့် ရမှတ်ဆုံးရှုံးမှုအများဆုံးအသင်းအဖြစ် ဘရိုက်တန်က ငါးမှတ်ဖြင့် ထိပ်ဆုံး၌ရှိနေပြီး VAR ကြောင့် အကျိုးသက်ရောက်မှု အရှိဆုံးအသင်းများ မှာ ဖူလ်ဟမ်၊ အဲဗာတန်နှင့် နော်တင်ဟမ်အသင်းများဖြစ်ကာ သုံးမှတ်စီ သက်သာခဲ့သည်။ ဘရိုက်တန်အနေဖြင့် VAR သာ မရှိလျှင် အဆင့် ၁၀ နေရာ၌ ရပ်တည်နိုင်မည်ဖြစ်သည်။ 

နယူးကာဆယ်အသင်းမှာမူ VAR ကြောင့် ထိခိုက်နစ်နာမှုအရှိဆုံးဖြစ်ခဲ့ကြောင်း သိရသည်။ နယူးကာဆယ်အနေဖြင့် VAR မရှိလျှင် တစ်မှတ်ပိုရမှာဖြစ်ပြီး ယင်းအနေအထားတွင် နှစ်မှတ်လျော့မည့် ချယ်လ်ဆီးအသင်းနှင့် အမှတ်တူသွားမည်ဖြစ်ကာ ဂိုးကွာ ခြားချက်ဖြင့် အဆင့်ခြောက်နေရာ ရရှိနိုင်သောကြောင့် ဥရောပဝင်ခွင့် သေချာမည်ဖြစ်သည်။ သို့သော် လက်ရှိတွင်မူ ကွန်းဖရန့်လိဂ်ဝင်ခွင့်အတွက် FA ဖလား ဗိုလ်လုပွဲရလဒ်ကို စောင့်ဆိုင်းနေရလျက်ရှိသည်။

လာမည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် VAR စနစ်ကို ဖျက်သိမ်းရန် ဝုလ်ဗ်အသင်းက အဆိုပြုထားပြီး ဇွန် ၆ ရက်တွင်ပြုလုပ်မည့် အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။

Most Read

Most Recent