လာမည့်ရာသီ လီဗာပူးလ်အသင်းတွင် ဆက်ကစားသွားမည်ဟု ဆာလာ အတည်ပြု

လာမည့်ရာသီ လီဗာပူးလ်အသင်းတွင် ဆက်ကစားသွားမည်ဟု ဆာလာ အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 22 May 2024

 

လီဗာပူးလ်အသင်းတိုက်စစ်ကစားသမား ဆာလာက လာမည့်ရာသီ အသင်းတွင် ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် မေလ ၂၀ ရက်က အာနယ်ဆလော့ကို နည်းပြသစ်အဖြစ် ကြေညာအပြီး နာရီပိုင်းအတွင်း ဆာလာက လူမှုကွန်ရက်မှတစ်ဆင့် အသင်းနှင့်အတူ အနာဂတ်ဆက်ရှိနေမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ 

အသက် ၃၁ နှစ်ရှိပြီဖြစ် သူ ဆာလာသည် ပြီးခဲ့သည့်နွေရာသီကာလက ဆော်ဒီကလပ်မှ ပေါင် သန်း ၁၅၀ တန် ကမ်းလှမ်းမှု ရရှိခဲ့သော်လည်း လီဗာပူးလ်အသင်းက ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဆာလာသည် လီဗာပူးလ်အသင်းတွင် တစ်ပတ် ပေါင် သုံးသိန်းခွဲ ရရှိနေပြီး သူ၏ စာချုပ်သက်တမ်းမှာ လာမည့်ရာသီကုန်တွင် ပြီးဆုံးမည်ဖြစ်ကာ အသင်းအနေဖြင့် လာမည့်နှစ်၌ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ပြုရဖွယ်ရှိသည်။

Most Read

Most Recent