ပုလော - မြိတ်-ဘုတ်ပြင်း လမ်းတွင် မော်တော်ယာဉ်များ ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း သိရ

ပုလော - မြိတ်-ဘုတ်ပြင်း လမ်းတွင် မော်တော်ယာဉ်များ ပြန်လည် သွားလာနိုင်ပြီဖြစ်ကြောင်း သိရ
Published 18 May 2024

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပုလော - မြိတ်-ဘုတ်ပြင်း လမ်းတွင် တိုက်ပွဲများကြောင့်  ၁၀ ရက် ကျော် ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာမှ မေလ ၁၇ ရက်မှစတင်ကာ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်းသိရ သည်။

ဧပြီလ ၂၉ ရက်နေ့မှစတင်ပြီး တနင်္သာရီ နှင့်ဘုတ်ပြင်းမြို့နယ်အစပ်ရှိ ဝမ်းဇီးရိုးတူးဇီးရိုး တောင်တစ်ဝိုက်တွင်တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကားလမ်းများအသုံးပြု၍ မရခဲ့ကြောင်း မေလ ၅ ရက်နေ့မှစတင်ပြီး ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်အတွင်းရှိ ကျောက်ဆည်၊ဝင်းဝ ၊ပဲဒက်ကျေးရွာများ၊ ပုလောမြို့နယ်အတွင်းရှိ ထမင်းမစား၊ကဒဲစသည့် ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားလာမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားနေခဲ့ကြောင်းသိရသည်။

'' မေလ ၁၇ ရက်နေ့ မနက် ၁၁ နာရီကနေ လမ်းပွင့်သွားတာကြောင့် ပလောက်မြို့ဘက်မှာပိတ်မိနေတဲ့ကား တွေမြိတ်ကိုဝင်လာတာတွေ့ရတယ် ။ ကားလမ်းတွေကို ၂ နာရီလောက်ပဲအသုံးပြုလို့ရမယ်ဆိုပြီးသတင်း တွေတက်လာတာတွေ့ရတယ် ။ ဒါပေမယ့်ယာဉ်လိုင်း တွေတော့ပြန်ပြေးဆွဲဖို့စီစဉ်နေတယ်၊လမ်းပိတ်သွား တာကြောင့်မြိတ်မြို့မှာကုန်စိမ်းစျေးတွေအဆမတန် တက်သွားတယ်၊ငရုတ်သီးစိမ်းတပြည်ကို ၄၅၀၀၀ ကျပ်၊ ဂေါ်ဖီထုပ်တစ်လုံးကို ၁၀၀၀၀ ကျပ်အထိတက်သွားတယ်၊တခြားအခြေခံစားသောက်ကုန်တွေ လည်းစျေးတက်သွားတယ်၊အခုကားလမ်းအနည်းငယ်ပြန်ပွင့်သွားပြီးကုန်ကားတွေလည်းပြန်ဝင်လာတော့စျေးတွေပြန်ကျလာဖို့မျှော်လင့်ပါတယ်''လို့ မြိတ်မြို့မှဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ပြည်ထောင်စုလမ်းမကြီး၏အစိတ်အပိုင်းဖြစ် သော မြိတ်-ဘုတ်ပြင်းကားလမ်းမကြီးမှာလည်း မေလ ၁၄ ရက်နေ့မှစတင်ပြီးပြန်လည်သွားလာနိုင်ခဲ့ ကြောင်းသိရသည်။ '

'ဘုတ်ပြင်း-မြိတ်ကားလမ်းပိတ် တော့ရေလမ်းခရီးကိုအားထားခဲ့ရတယ်၊ အခုကားလိုင်းတွေပြန်ဆွဲနေပါပြီ၊ကော့သောင်း-ဘုတ်ပြင်းလမ်းက သွားလာလို့ရတယ်.လမ်းပိတ်တာက တနင်္သာရီ အကျော်ကနေ ဘုတ်ပြင်းမြို့အကြားနေရာတွေပါ အခုကျွန်တော်တို့ကားပြန်ဆွဲနေပါပြီ''လို့ မြိတ်-ကော့သောင်းကားလိုင်းပြေးဆွဲနေသူတစ်ဦးကပြော ကြားခဲ့သည်၊

Most Read

Most Recent