စစ်တွေအကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ကျော်အား နေရပ်ပြန်ပို့

စစ်တွေအကျဉ်းထောင်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၀ ကျော်အား နေရပ်ပြန်ပို့
Published 24 April 2024

 

 

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင် မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးအား တပ် မတော်၏ ရေ တပ်သင်္ဘောနှင့်တင်ဆောင်ပြီး ဧပြီ ၂၃ ရက်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင် များထံ လွှဲပြောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးက ထုတ်ပြန် သည်။

ထိုသို့ ပြန်ပို့ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သား ၁၇၃ ဦးအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar

ခရိုင်မှ ၁၂၉ ဦး၊ Bandarban ခရိုင်မှ ၃၀ ၊ Rangamati ခရိုင်မှ ခုနစ်ဦး၊ ခါ ဂရာချာရီခရိုင်၊ နိုခါလီခရိုင်၊ နာရာယန်ဂန် ဂျခရိုင်၊ ချတ်တိုဂရမ်ခရိုင်၊ ရာဂျ်ဘာရီခရိုင်၊ နာရှင်ဒီခရိုင်နှင့် နီလ်ဖာမာရီခရိုင်တို့မှ တစ် ဦးစီ ပါဝင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂ လားဒေ့ရှ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထိုသို့ ပြန်ပို့ပေးခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများထဲတွင် စစ်တွေအကျဉ်း ထောင်၌ အကျဉ်းကျခံနေရသူ ၁၄၄ ဦးနှင့် တရားရင်ဆိုင်နေရသူ ၂၉ ဦးကို ဘင်္ဂလား ဒေ့ရှ် အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးက ထုတ်ပြန်သည်။

ရန်ကုန်မြို့တွင်ရှိသည့် ဘင်္ဂလားဒေ့ရှ်သံရုံးတာဝန်ခံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောင်စစ်ဝန်ရုံးက ကိုယ်စားလှယ်များသည် စစ်တွေမြို့၌ လူချင်းတွေ့ဆုံကြပြီး နှစ်နိုင်ငံ ကြား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂ လားဒေ့ရှ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။